Episode - 18

7.6K 594 23
                                    


ကား​နောက်​ခန်းမှာထည့်​လာတဲ့​ခေါက်​ဖျာလိပ်​က​လေးတစ်​ခုနှင့်​စားစရာ​သောက်​စရာ​တွေထည့်​လာသည့်​ဆွဲခြင်း​တောင်း​လေးအား မိုး နဲ့ လင်း ဘယ်​ညာတစ်​ဖက်​စီ ဆွဲကြရင်း မြက်​ခင်းပြင်​တစ်​ခုစီ​လျှောက်​လာခဲ့ကြသည်​။

မိုး ဖျာ​လေးကို မြက်​ခင်းပြင်​ပေါ်ခင်းလိုက်​ပြီး လင်း လက်​ထဲမှ ဆွဲခြင်း​တောင်း​လေးကို လှမ်းယူ​လေသည်​။

စားစရာ​သောက်​စရာများကို​နေရာတကျ ခင်းကျင်းပြီး​သောအခါ

" ဦး​လေးညိုက တူတူစားကြဖို့​ခေါ်လို့လဲမရဘူး။ အားနာ​နေတယ်​ထင်​တယ်​... "

"​စော​စောထဲက မိုး​ခေါ်​နေတာ ..... လက်​ဖက်​ရည်​ဆိုင်​မှာ စားပြီးပြီဆိုပြီး​ပြောတယ်။ ဘကြီးညိုက အဲ့လိုပဲ အရမ်းအားနာတတ်​တာ မ ရဲ့ .... "

မိုး စကား​ပြောရင်း အ​ဒေါ်ကြီးဝင်း ထည့်​ပေးလိုက်​သည့်​lunch box​လေး​တွေကို ဖွင့်​လိုက်​၏ ။ အထဲမှာ အသာညှပ်​ပေါင်​မုန့်​များနဲ့ အာလူး​လေး​တွေကို​အ​ချောင်း​လေး​တွေလှီး​ကြော်​ကာ ထည့်​ပေးထား​သေးသည်​။

" အို .... ကြီးကြီးက အများကြီးထည့်​ပေးလိုက်​တာပဲ .... "

လင်း တအံ့သြ​ပြော​တော့ မိုး​ခေါင်းညိမ့်​ရင်း

" ဟုတ်​ပါ့ မ ရယ်​..... ကဲ မ အရင်​စား ...  "

မိုး သူ့မမကို ဦးဦးဖျားဖျားအရင်​စား​စေခဲ့သည်​။

ရင်​ပြင်​က​နေ လှမ်းမြင်​နေရသည့်​ရွှေတိဂုဘုရားရဲ့ ကြည်​ညိုဖွယ်​ပုံရိပ်​၊​ကောင်းကင်​ပြာပြာရဲ့ အ​နောက်​ခံ​ဆေးအလှချည်​သမှုတို့​ကြောင့်​မိုး ပန်းချီဆွဲချင်​သည့်​စိတ်​ကို မထိန်းနိုင်​ခဲ့ ။

ထို့​ကြောင့်​စား​သောက်​ပြီးတာနဲ့ ကား​ပေါ်ပါလာတဲ့ ပုံဆွဲစာအုပ်​လေးတစ်​အုပ်​နဲ့ ခဲတံ​လေးတစ်​ချောင်း ယူလာကာ ပန်​ချီကားနှင့်​တူ​လောက်​အောင်​လှပလွန်း​နေသည့်​ကဗျာဆန်​ဆန်​ရှုခင်း​လေးအား သူမ၏ ပုံဆွဲစာအုပ်​ပေါ်၌ Sketch​ရေးခြစ်​နေသည်​။

Don't Stop Believing Tahanan ng mga kuwento. Tumuklas ngayon