" Morning မ ..... "
မနက်ခင်းအလင်းရောင်ဖျဖျလေး အခန်းထဲသို့ဝင်ရောက်လာတဲ့အချိန်၌ မိုး ကဦးစွာနိုးထလာပြီးဘေးကသူ့မမနိုးတဲ့အထိစောင့်ကာကြည့်နေခဲ့ခြင်းဖြစ်သည်။ သူ့ကိုဘေးက လက်လေးထောက်ကာ ပြုံးပြုံးလေးဘေးစောင်းကြည့်နေသည့်ကလေးလေးရဲ့ကြည်လင်ဝင်းပတဲ့အပြုံးကို မြင်ပြီး လင်း နိုးနိုးချင်းပဲ ပြုံးရောင်သမ်းသွားရသည်။
" ကလေး အစောကြီးနိုးနေပါလား .... "
လင်း လက်ကလေးနှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီးဘေးကသူ့ကလေးလေးအား လည်ပင်းကနေ သွယ်ယှက်လိုက်၏ ။
" ummm .... မ နိုးတာလေးစောင့်ကြည့်ချင်လို့ ..... "
" ဒီကလေးလေးကတော့ ..... "
မျက်နှာမသစ်ပဲနဲ့တော့ အိစက်ညက်ညောလှတဲ့ မိုး ရဲ့ပါးပြင်နုနုလေးကို လင်း နမ်းလိုက်ပြီး
" ထကြစို့ .... အတူတူမျက်နှာသစ်ကြမယ်.... "
" ဟုတ်..... "
နှစ်ယောက်သား အတူတူမျက်နှာသစ်သွားတိုက်ကြပြီးတဲ့နောက်အဝတ်အစားလဲကာ breakfast ဆင်းစားကြသည်။ ဒီနေ့မှာတော့ မ ကကျစ်ဆံမြီးလေးကျစ်ထားကာ မြန်မာဆန်ဆန်ချိတ်ထဘီ အဝါလေးနဲ့ရင်စိအဝါချိုင်းပြတ်ကလေးအား ဆင်မြန်းထားပြီး မ ရဲ့အလှကကျတ်သရေရှိလွန်းလှပါသည်။
မိုး ကတော့ထုံးစံအတိုင်းပဲ ဂျင်းပန်အနက်လေးကိုမှ အပေါ်ကရှပ်အကျီင်္မိုးပြာရောင်လက်ရှည်လေးနှင့်လက်ကိုခေါက်တင်ထားပါသည်။ ပြီးတော့ sun glasses ကိုလဲခေါင်းပေါ်ချိတ်တင်ထားသေးသည်။ မသိလျှင်တရုတ်မလေးတစ်ယောက်နဲ့တောင်တူနေ၏ ။
Breakfast စားသောက်လို့အပြီးမှာတော့ Hotel နဲ့လဲမနီးမဝေးလွန်းလှတဲ့ ကမ်းခြေမှာပဲတည်ထားပါသောစေတီတော်လေးတစ်ဆူအား ၂ယောက်အတူသွားရောက်ဖူးမြော်ခဲ့ကြပါသည်။ ပြီးတော့ ထိုအနီးနားတစ်ဝိုက်ကကျောက်ဆောင်လေးတွေနားမှာပဲ မိုး ကသူ့မမအား အလှဓာတ်ပုံလေးတွေ ရိုက်ပေးခဲ့သည်။ post မပေးတတ်တဲ့ သူ့မမကို သူကိုယ်တိုင်postတွေသင်ပေးရတာလဲ သူ့မှာအမော ။ သူကိုယ်တိုင်photographer ကြီးလုပ်ကာ မသိလျှင်professional photographer တစ်ယောက်အသွင်ပင်ပေါက်လို့နေပါသည်။ လင်း ကတော့ရှက်ရှက်နဲ့ပဲ သူ့ကလေးသင်ပေးတဲ့အတိုင်း postလေးတွေ ကြိုးစားပမ်းစားပေးနေရရှာသည်။
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...