" အိုဘ(အ)စံ ...... ဖွားဖွား .......တီတီလေး .... "
အိမ်ထဲရောက်တာနဲ့ သူ့ကိုဆီးကြိုနေတဲ့ အဖွားနဲ့ အဒေါ်ကို အားရဝမ်းသာပြေးဖက်လိုက်လေတော့သည်။
" ငါ့မြေးလေး အခုမှပဲမြင်ရတော့တယ်။ ကြည့်စမ်းပါဦး ထွားလာလိုက်တာ ..... "
" ဟုတ်ပါ့မေမေရယ် Hanna သမီးလေး အရပ်ကြီးရှည်လာလိုက်တာကွယ်.... "
" တီတီလေးအရပ်ကိုတော့ မမှီသေးပါဘူး .... "
သူမရဲ့အဒေါ်ကိုပွေ့ဖက်လိုက်ပြီးပြောလိုက်တော့ အဒေါ်က သဘောကျစွာရယ်လေသည်။
" ကဲ ကဲ သမီးလေးမေမေကို သွားနှုတ်ဆက်လိုက်ပါဦး ..... "
" ဟုတ်ကဲ့ ဘွားဘွား ..... "
စားပွဲကြီးတစ်လုံးပေါ်မှာထောင်ထားတဲ့ သူ့မေမေဓာတ်ပုံရှေ့၌ မိုး အမွှေးတိုင်တစ်တိုက်ထွန်းစိုက်လိုက်ကာ လက်အုပ်လေးချီလိုက်သည်။
" အိုကာစံ ....မေမေ .... သမီးပြန်ရောက်ပါပြီ .... "
ပြုံးရယ်နေတဲ့မေမေ့ရဲ့ဓာတ်ပုံလေးဟာ တကယ့်ကိုအသက်ဝင်လွန်းလှပါသည်။ အမေ့ပုံကို မြင်လိုက်တာနဲ့ ရင်ထဲဟာတာတာဖြစ်သလို ခံစားမိပါသေးသည်။
" သမီးဖေဖေကော အလုပ်အကိုင်တွေ အဆင်ပြေရဲ့လား ? "
" ဟုတ်ပြေပါတယ် ဘွားဘွား။ မနက်ဖြန်တော့ ဒီကိုလာခဲ့ပြီး ဘွားဘွားတို့ကို လာနှုတ်ဆက်မယ်ပြောပါတယ်... ဒီနေ့တော့ အလုပ်ကိစ္စလေးရှိလို့ဟိုတယ်ကို တန်းသွားတယ်.... "
"အော်အေးပါကွယ်.... ဘွားဘွားတို့လည်း သမီးဖေဖေကို မတွေ့ရတာကြာတော့ ရုပ်တောင်မမှတ်မိချင်တော့ဘူး ..... "
"နောက်မိန်းမနဲ့ သမီးနဲ့ကော အဆင်ပြေရဲ့လား ? "
အဒေါ်ကမေးတော့ စိတ်မပူစေချင်တာကြောင့် မိုး မုသားသုံးလိုက်ရသည်။
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...