ညက အဖေကိုယ်တိုင်ဘေးမှာစောင့်အိပ်ပေးတာမို့ မိုးဆေးရုံ၌ ဒုတိယမြောက်ညကိုလဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သည်။ မနက်စောစော ဆရာဝန်ကြီးတွေ round လှည့်ပြီးသောအခါမှာတော့ မိုး ရဲ့အခြေအနေမှာ လူကောင်းလို ပြန်လည်ထူထူထောင်ထောင်ဖြစ်နေပြီး စိတ်ချရတဲ့အခြေအနေဖြစ်ပြီမို့ဆေးရုံကနေဆင်းခွင့်ပြုလိုက်၏ ။ဒါနဲ့ပဲ သားအဖနှစ်ယောက်ဘကြီးဖြိုးလာကြိုတဲ့ကားနဲ့ ပြန်ဖို့လုပ်ကြသည်။ ကားပေါ်ရောက်သောအခါ
" Daddy ..... "
" ဟင်သမီး ... ? "
" သမီး အိမ်မပြန်သေးပဲ ဆရာမ ဆီသွားချင်တယ်.... မနေ့က ဆရာမလဲ နည်းနည်းဖျားချင်နေတယ်..... အစက ဒီနေ့မနက်လဲ လာမယ်ပြောထားတာ အဲ့ဒါအခုအချိန်ထိ မရောက်လာသေးတော့ ဖျားများနေလို့လားမသိဘူး Daddy ရယ်.... သမီး စိတ်ပူလို့ ခဏလောက်ဆရာမအိမ်ကို သွားကြည့်ချင်တယ်Daddy ..... "
"အော်အင်းပါ သမီးရယ်... သမီး သဘောပါ .... ကဲ ဦးလေးညိုရေ ... ဆရာမလေး အိမ်ကိုအရင်မောင်းဗျာ .... "
"ကောင်းပါပြီ ဆရာ ...... "
သူတို့ရဲ့ ကားလေးဟာဆိုရင်ဖြင့်ဆရာမလေးဒေါ်လင်းဝတ်ရည်သော်၏ အိမ်ဆီသို့ ဦးတည်မောင်းနှင်ခဲ့ပါတော့သည်။
X X X X X X X X
လင်း ၏အိမ်ရှေ့သို့ရောက်သော်ဘကြီးညိုက ကားရပ်ပေးသည်။ မိုး ကားပေါ်မှဆင်းကာ ခြံတံခါးရှေ့ကနေ အထဲသို့လှမ်းကြည့်လိုက်လေသည်။
" ဆရာမ ..... "
တစ်ချက်အော်ခေါ်ပေမဲ့ အိမ်ထဲမှာ လူအရိပ်အယောင်ပင်မတွေ့ရ ။ ခြံတံခါးလေးကိုတွန်းလိုက်တော့ တံခါးက အလိုက်သင့်ပွင့်သွားတာမို့ ခြံထဲသို့ဝင်ပြီး အိမ်ပေါက်ဝရှေ့၌ ရပ်လိုက်သည်။
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...