Episode - 30

7.1K 549 56
                                    

ရက်​သတ်​တစ်​ပတ်​ကျော်​လွန်​ခဲ့ပြီဖြစ်​သလို မိုးဝဿန်​လွင်​မှာ နှစ်​ဝက်​စာ​မေးပွဲကြီးလဲ​ဖြေဆို​နေရပြီဖြစ်​သည်​။ သူ့ရဲ့မမ လင်း က​တော့စာ​မေးပွဲ​ဖြေရသည့်​ရက်​တွေကို ည​၆ နာရီ​လောက်​ရောက်​တဲ့အထိ စာပြ​ပေးပြီးမှ သူ့အိမ်​သို့ပြန်​လေသည်​။

မနက်​ဖြန်​ Physics​ ဖြေရမယ်​ဆို ဒီ​နေ့လို့ညမျိုးမှာ​တော့

" ညကျရင်​ မ,အမှတ်​ခြစ်​ပေးထားတဲ့အပုဒ်​လေး​တွေကို တစ်​ခေါက်​လောက်​ပြန်​တွက်​ဦး​နော်​က​လေး .... "

" ဟုတ်​ကဲ့ မ ... ဒီ​နေ့က​တော်​တော်​မိုးချုပ်​နေပြီ မ။ ၇ နာရီ​တောင်​ကျော်​နေပြီ။ မိုး Daddy ကိုလိုက်​ပို့ခိုင်းမယ်​လေ ... မိုး လဲအ​ဖော်​လိုက်​ခဲ့​ပေးမယ်​... "

" ဟာ​နေပါ​စေ​က​လေးရယ်​... ၇ နာရီဆို​ပေမဲ့ Bus ကားဂိတ်​မှာ ဒီအချိန်​ဆို လူ​တွေစည်​ပါ​သေးတယ်​... မ ကိုလိုက်​ပို့မဲ့အစား အဲ့အချိန်​မှာ ခဏနား​နေပြီး ညကျစာပြန်​လုပ်​လို့ရတာ​ပေါ့ ..... စိတ်​မပူနဲ့​နော်​မ အိမ်​ရောက်​တာနဲ့ ဖုန်းဆက်​လိုက်​မယ်​..... "

လင်း​ပြော​တော့ မိုး မျက်​နှာ​လေးမှိုင်​သွားကာ

" ဟုတ်​ကဲ့ .... ဂရုစိုက်​သွား​နော်​မ ... "

" ဟုတ်​ကဲ့ပါရှင့်​.... "

လင်း မိုး ကိုရယ်​ပြလိုက်​ပြီး​ခေါင်း​လေးကို ပွတ်​ပေးလိုက်​၏ ။

X    X    X    X    X    X    X    X

​ဆောင်းတွင်းဝင်​လာပြီဖြစ်​တာမို့ ၇ နာရီခွဲဆိုသည့်​အချိန်​ဟာ အနည်းငယ်​အ​အေးဓာတ်​ဝင်​လာချိန်​ဖြစ်​သည်​။ ထို့အတူ လမ်း​ပေါ်မှာ လူအ​သွားအလာက သိပ်​အများကြီးရှိမ​နေ​တော့ ။

မိုး တို့လမ်းထိပ်​က ကားဂိတ်​မှာ လူရှိ​သေးတယ်​ဆို​ပေမဲ့ လင်း တို့လမ်းထိပ်​သို့​ရောက်​တဲ့အခါမှာ​တော့ အချိန်​ကအ​တော်​လင့်​နေပြီမို့ လူ​တောင်​တစ်​ယောက်​မှ မရှိ​တော့ ။

Don't Stop Believing Tahanan ng mga kuwento. Tumuklas ngayon