ကျောင်းဆောင်ဘေးက ခရေပင်ကြီးအောက်၌ မိုးကြွေကျနေသော ခရေပန်းလေးတွေကိုထိုင်ကောက်နေမိသည်။ သူ့လက်ခုပ်တစ်ခုပ်စာ ပန်းလေးတွေပြည့်သွားချိန်မှာတော့ အနားသို့ လင်းရောက်လာပြီး" ဟိတ်စောင့်နေတာ ကြာသွားပြီလား ? "
မိုး ပြန်ထရပ်လိုက်ပြီး ခုံတန်းရှည်လေးပေါ်၌ ထိုင်ချလိုက်ကာ
" မကြာသေးပါဘူး ဆရာမ ....ရော့ ဒီမှာ ဆရာမဖို့ .... "
ကောက်ထားတဲ့ ခရေပန်းလေးတွေကို သူ့ဆရာမလက်ထဲသို့ ထည့်ပေးလိုက်လေသည်။ လင်း သူ့လက်ထဲက ခရေပန်းလေးတွေကို ရှုလိုက်ပြီး သဘောကျစွာပြုံးလိုက်မိသည်။
"မွှေးနေတာပဲ ကလေးရယ်....ကျေးဇူးနော်.... "
" ဆရာမ ခရေပန်းကြိုက်တယ်ပေါ့ ? "
" ဆရာမက ပန်းဆို အကုန်သဘောကျတယ်ကလေးရဲ့ .... "
" ဟုတ်လား အဲဒါကြောင့်ဆရာမခေါင်းမှာ အမြဲနှင်းဆီပန်းလေးတွေ ပန်ပန်လာတာကို .... မိုးကတော့ ပန်းတွေထဲမှာမှ ဒီခရေပန်းလေးတွေနဲ့ ချယ်ရီပန်းလေးတွေကို သဘောကျတယ်..... ခရေပန်းလေးတွေကခြောက်သွားတာတောင်မှ ရနံ့မပြယ်သွားကြဘူးလေ ..... "
"ကလေးပြောတာ ဟုတ်တယ်..... ချယ်ရီပန်းလေးတွေကိုကော အပြင်မှာမြင်ဖူးလား ? "
လင်းပေါင်မုန့်ကြက်ဥကြော်ထည့်လာတဲ့ lunch boxလေးကို ဖွင့်နေပြီးမေးလိုက်တော့ မိုးကပြုံးရင်း
" ဟုတ်မြင်ဖူးတယ်..... ချယ်ရီပန်းတွေ စပွင့်ချိန်ဆို အမေနဲ့အမြဲ အပြင်ထွက်ပြီး လမ်းအတူတူလျှောက်ဖြစ်ကြတယ်လေ .... မနက်တိုင်း အမြဲပေါ့ ..... "
လင်း lunch box အဖုံးလေး ကိုင်ထားရင်း မိုးမျက်နှာလေးအားငေးကြည့်နေမိ၏ ။ ဝမ်းနည်းမှုတွေ လွမ်ဆွတ်မှုအရိပ်အယောင်တွေဟာ မိုး ရဲ့မျက်ဝန်းအိမ်ထဲမှာ ထင်ဟပ်နေတာလင်း မြင်နေရပါသည်။
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...