Episode - 16

8.1K 599 49
                                    


" ​အော်​သမီးရယ်​ အ​မေ့ဘာသာ လှည်​းပါ့မယ်​ဆိုတာကို ... နားနား​နေ​နေ အခန်​းထဲမှာ သွားလှဲ​နေပါ ..... "

အိမ်​ထဲတွင်​ တံမြက်​စည်​းလိုက်​လှည်​း​နေ​သော လင်​း ကို အ​မေက တတွတ်​တွတ်​ဖြင်​့​ပြော​နေ​သော်​လဲ မရ ။

" တချိန်​လုံးကြီး လှဲ​နေ​တော့လဲ ​ချွေးမထွက်​ဘူး ​မေ​မေရဲ့ ... အခုလိုနည်​းနည်​းပါးပါး လှုပ်​ရှား​ပေးမှာ ​ချွေး​လေးစို့ပြီး ​နေလို့​ပေါ့သွားမှာ​ပေါ့ ​မေ​မေရယ်​ .... "

ဆရာမ ဆိုသည်​့အတိုင်​း အိမ်​တွင်​လဲ အ​မေကသူ့ကိုဆို ဘယ်​​တော့မှ ဆရာပြန်​လုပ်​လို့မရ​ပေ ။ သူ့သမီးကို​ပြောမနိုင်​သည်​့အဆုံး ထိုင်​ခုံမှာသာ ဝင်​ထိုင်​​နေ​တော့သည်​ ။

" ​ချွေးထွက်​ရင်​လဲ အဝတ်​လဲဦး​နော်​ ... ​တော်​ကြာ ​ချွေးနဲ့ပြန်​အ​အေးပတ်​​နေမယ်​ သမီး .... "

" ဟုတ်​ကဲ့​မေ​မေ ..... "

ထိုအချိန်​ ခြံ​ရှေ့တည်​့တည်​့သို့ ပါကျဲဒိုးကားတစ်​စီး ဆိုက်​ရောက်​လာသဖြင်​့ သူ့က​လေး​လေး လာပြီဆိုတာ လင်​း သိလိုက်​ပြီမို့ မျက်​နှာ​မှာပြုံးပန်​း​ဝေဆာသွား၏ ။

ခဏ​နေ​တော့ ကား​ပေါ်မှ ရှပ်​အကျီလက်​ရှည်​ ၊ အားကစား​ဘောင်​းဘီ ခပ်​ပွပွအရှည်​တစ်​ထည်​ကို ဝတ်​ဆင်​ထားသည်​့ ပိန်​ပိန်​သွယ်​သွယ်​ အရပ်​ရှည်​ရှည်​ဖြင်​့ ( ၅ ​ပေ ၄ လက်​မ​ကျော်​​ကျော်​ ဝန်​းကျင်​ခန်​့ ) ပိုးဟပ်​ဖြူ​လေးတစ်​​ကောင်​ ဆင်​းလာပါ​တော့သည်​ ။

မိုး မှာအခုမှ ၁၆ နှစ်​​တောင်​မပြည်​့​သေးဘူးဆို​ပေမဲ့ အရပ်​က​တော့ သူ့အသက်​အရွယ်​နှင်​့သူ ရှည်​သည်​ဟု​ခေါ်ရ​ပေမည်​ ။ လင်​း နှင်​့ယှဉ်​လျှင်​ မိုးကပင်​ တစ်​လက်​မခန်​့ အရပ်​ပိုရှည်​​နေသည်​ ။

အရပ်​ကရှည်​ အသားကလဲဖြူ​ဖွေးစွတ်​​နေပြီး ဆံပင်​အချို့က ညာဘက်​မျက်​လုံး​ပေါ်သို့ အမြဲဝဲကျလျက်​ရှိ၏ ။ ပါး​လေးနှစ်​ဖက်​က ​ပြည်​့ပြည်​့​ဖောင်​း​ဖောင်​းက​လေးနှင်​့ အနီးကပ်​ကြည်​့မည်​ဆိုပါလျှင်​ ​သွေး​ကြောမျှင်​စိမ်​းဖန်​့ဖန်​့​လေး​တွေပင်​ မြင်​​နေရသည်​ ။ နက်​​မှောင်​သည်​့ မျက်​လုံးမျက်​ခုံးကို ပိုင်​ဆိုင်​ထာသူ မိုး မှာ ​ကျောင်​းမှာ​တော့ သူ့ကိုကျိတ်​ crush ​နေကြတဲ့လူ​တွေက ​တော်​​တော်​ပင်​များလှသည်​ ။

Don't Stop Believing Where stories live. Discover now