" ဟဲ့ သမီး ပြန်လာတာမိုးချုပ်လိုက်တာကွယ်... ၈ နာရီပဲ ထိုးတော့မယ်.... အမေ့ဖြင့်ဒီအချိန်အထိ သမီးပြန်မလာသေးတော့ စိတ်ပူနေရတာ .... တစ်ခုခုများဖြစ်နေသလားဆိုပြီးတော့ .... "လင်း ကြိမ်ဆွဲခြင်းထောင်းလေးကို စားပွဲဝိုင်းလေးပေါ်သို့ တင်ပြီး ကုလားထိုင်လေးပေါ်၌ အရင်ထိုင်လိုက်ကာ
" ဒီနေ့ မိုး အရမ်းနေမကောင်းဖြစ်လို့ သမီးဆေးရုံကို လိုက်ပို့ပေးရလို့ပါမေမေ ... "
" ဟယ်.... ကလေးမလေး ဘယ်လောက်တောင်မှ ဖြစ်လို့ဆေးရုံတောင်တင်ရတာလဲ သမီးရယ်? "
အမေက စိုးရိမ်ပူပန်သည့်လေသံဖြင့်မေးတော့ လင်းခေါင်းလေးငုံရင်း မျက်နှာမကောင်းစွာနှင့်
" အဖျားတွေအရမ်းတက်ပြီး သတိလစ်တဲ့အဆင့်အထိပဲမေမေ ..... သမီးဖြင့်ကလေး ကခေါ်လို့တောင်မရလို့ ထူပူပြီး ရုတ်တရက်ဘာလုပ်လို့ ဘာကိုင်ပေးရမှန်းတောင်မသိခဲ့ပါဘူးမေမေရယ်.... "
" ကလေးမိဘတွေကကော အနားမရှိကြလို့လား ? "
လင်း လဲသူ့အမေကို ဖြစ်ကြောင်းကုန်စင်အကုန်ရှင်းပြလိုက်လေသည်။ အကြောင်းအကုန်သိသွားတော့ သူ့အမေလဲ မိုး အပေါ်သနားမိသွားခဲ့သည်။
" ဟင်းးး ... ကလေးမလေးက ငယ်ငယ်ရွယ်ရွယ်လးနဲ့ .... ဒီလိုအရွယ်ဆိုတာ မိဘနဲ့လက်ပွန်တတီးနေရမဲ့အရွယ်ဖြစ်ပြီးတော့ မိဘမေတ္တာမိဘအရိပ်အောက်မှာ ကြီးပြင်းကြရမဲ့အရွယ်......အမေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရတယ်လို့ကွယ်... "
" ဟုတ်ပါတယ်မေမေရယ်ဒါပေမဲ့ ဒီနေ့အခုလိုတွေဖြစ်သွားတာ သမီးကြောင့်လဲ ပါပါတယ်.... သမီးသာ မရိုက်မိခဲ့ဘူးဆိုရင်ကလေး အခုလောက်ထိဖြစ်သွားစရာအကြောင်းမရှိဘူးမေမေ .... "
လင်းပြောနေရင်း ငိုသံပါလာပြီး သူ့အမေရှေ့ထိုင်ငိုနေမိပြန်သည်။ သမီးဖြစ်သူဝမ်းနည်းနေတာမြင်တော့ အမေဖြစ်သူလဲ စိတ်မကောင်း ။ သူ့သမီးကျောကုန်းလေးကို ပွတ်သပ်ပေးရင်း
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...