"ဒေါက်ဒေါက်....... "
" သမီးလေး Hanna ....... "
တံခါးကို ၂ ချက်တိတိခေါက်ပြီးမှ ဦးကောင်းထက်သူ့သမီးလေးအခန်းထဲသို့ဝင်ခဲ့သည်။ စားပွဲခုံမှာ စာထိုင်လုပ်နေတဲ့ သူ့သမီးကိုမြင်တော့
" သမီးလေး Daddyကြောင့်စာလုပ်ပျက်သွားပြီလား ... "
မိုးဘောပင်ကို လက်မှချလိုက်ကာ သူ့အဖေကို လှည့်ကြည့်လိုက်သည်။ အဖေမှာ ခရီးပြန်ထွက်ရတော့မည်မို့လေဆိပ်သွားဖို့ ဝတ်စုံပြည့်ပင်ဝတ်ထားပြီးနေပါပြီ ။ လက်ထဲမှာလဲ ဗူးလေး ၂ ဗူးကိုင်ထားပြီး တစ်ဖက်မှာလဲ စာအိတ်လေးတစ်အိတ်။
သူ့သမီးကို ဘူးလေး ၂ ဘူး အရင်လှမ်းပေးလိုက်ပြီး
" ဒါ သမီးအတွက်Daddy ရဲ့ Birthday Present .. "
သူဖွင့်ကြည့်လိုက်တော့ ဂျပန်နိုင်ငံထုတ်Sony keypad ဖုန်းလေး ၂ လုံး။ တစ်လုံးက အနက်ဖြစ်ပြီး တစ်လုံးကတော့ အဖြူလေးဖြစ်သည်။
" တစ်လုံးက သမီးအတွက်တစ်လုံးက သမီးရဲ့ ဆရာမအတွက်... သမီးအတွက်က သမီးကြိုက်တဲ့ Blackလေး။ သမီးက သမီးရဲ့ဆရာမအတွက်ပဲတောင်းဆိုပေးခဲ့တယ်ဆိုပေမဲ့ Daddy က သမီးလေးအတွက်ပါ ဝယ်ပေးချင်လို့။ ဘယ်လိုလဲ သမီး သဘောကျရဲ့လား ? "
မိုး သဘောကျစွာပြုံးရယ်ရင်း သူ့အဖေကို ထဖက်လိုက်သည်။
" Daddy ရယ်ကျေးဇူးအများကြီးတင်ပါတယ်.... "
ဦးကောင်းထက်သူ့သမီးလေးခေါင်း ကို ပွတ်ပေးပြီး
" ဒါကတော့ သမီးလေးအတွက်တစ်လစာ အသုံးစရိတ်၃ သိန်း ..... "
စာအိတ်လေးကို စားပွဲပေါ်သို့ တင်ပေးလိုက်သည်။
" Daddy ရယ်... သမီးမှာ Daddy ပြီးခဲ့တဲ့လ ခရီးမထွက်ခင်တုန်းက ပေးခဲ့တဲ့ငွေတွေတောင် ရှိနေပါသေးတယ်..... "
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...