" Morning Daddy ... "
မိုး ခါတိုင်းနဲ့မတူ မနက်စောစောထကာအောက်ထပ်ဆင်းလာသဖြင့်သူ့အဖေ တအံ့တသြဖြစ်နေလေသည်။
" Morning သမီးလေး Hanna ..... ဒီနေ့ကျောင်းပိတ်ရက်မဟုတ်လား သမီး ... "
မိုး မနက်စာပြင်ဆင်ထားတဲ့ စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်ကာ
" ဟုတ်တယ်လေ Daddy ရဲ့ ... "
" မသိပါဘူး ထူးထူးခြားခြား အဖေ့သမီးလေးက စနေနေ့လိုကျောင်းပိတ်ရက်မှာတောင်အစောကြီးအိပ်ရာထနေလို့လေ .... ခါတိုင်းဆို သမီးလေးကကျောင်ပိတ်ရက်တွေမှာ ၁၁ နာရီလောက်မှ နိုးတာမဟုတ်လား .... "
အဖေကတပြုံးပြုံးနဲ့ပြောတော့
" ဒီနေ့နေ့လည်လောက်ဆို ဆရာမ စာလာသင်မှာ Daddy ရဲ့ ...နောက်ပြီး မနက်ပိုင်းလေး အိမ်ရှေ့မှာဒေါ်ကြီးနဲ့တူတူ နှင်းဆီပန်းပင်လေးတွေ စိုက်မလို့လေ အဲ့ဒါကြောင့်စောစောစီးစီးထလာတာ Daddy .... "
" ဟာ ! Daddy သမီးကတော့ကွာ ပန်းပင်တွေဘာတွေတောင်ပြန်စိုက်တော့မယ်ပေါ့ ....ကောင်းတယ်ကောင်းတယ်သမီးရေ .... "
" ဟီး ...... "
ထုံးစံအတိုင်း သားအဖနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်စကားပြောနေကြပြီဆိုပါလျှင်အဖျက်သမားဖြစ်တဲ့ဒေါ်မူယာသွယ်က အမြဲရောက်ရှိလာစမြဲပင်။
ဒေါ်မူယာသွယ်စားပွဲမှာဝင်ထိုင်လိုက်တာနဲ့ မိုး ဇတ်ခနဲထရပ်လိုက်ကာကော်ဖီခွက်ကလေးကိုကောက်ယူလိုက်သည်။
" Have a nice day ... Daddy .... သမီးအပေါ်ပြန်တက်တော့မယ်.... "
သမီးဖြစ်သူရဲ့စိတ်ကိုသိပြီးသားမို့ ဦးကောင်းထက်ဘာမှဆက်ပြောမနေတော့ခေါင်းညိမ့်၍သာ
"အေးအေး သမီး .... Have a nice day too .. Hanna .... "
မိုး အိမ်ပေါ်ထပ်သို့တက်သွားပြီးနောက်ထမင်းစားခန်းထဲသို့ အဒေါ်ကြီးဝင်လာပြီး" ဘာများလိုအပ်သေးလဲ ဆရာ ? "
" မလိုအပ်ပါဘူးဒေါ်လေးရယ်.... သမီးလေးအတွက်သာ မုန့်တခုခုစီစဉ်ပေးပြီး အပေါ်ထပ်ကိုသွားပို့ပေးလိုက်ပါဦး ... "
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...