Episode - 41

6.8K 549 122
                                    

ဗန်းထဲမှာ​ထမင်းပန်​ကန်​လေး​တွေ အစီအရီထည့်​ပြီး​ဒေါ်​လေးဝင်း အ​ပေါ်တတ်​မည်​အလုပ်​

"​အန်​တီဝင်း အဲ့ဒါသမီး​လေးအတွက်​ညစာမဟုတ်​လား ...​ပေး​ပေး ကျွန်​တော်​ကိုယ်​တိုင်​သွား​ပို့လိုက်​မယ်​.... "

" ဆရာအခုမှ ပြန်​ရောက်​တာ .... ခဏတဖြုတ်​နားပါဦး ..... "

" ဟုတ်​သားပဲ ကိုကြီးရယ်​.... အဝတ်​အစား​လေး​တော့လဲလိုက်​ပါဦး .... "

အန်​တီဝင်း​ပြော​တော့​ဘေးနားက​ဒေါ်မူယာသွယ်​ကပါ ဝင်​ပြောသည်​။

ဦး​ကောင်းထက်​လက်​ကာပြလိုက်​ပြီး​ဒေါ်​လေးဝင်းလက်​ထဲက ဗန်းကိုလှမ်းယူလိုက်​သည်​။

" သမီး​လေးထမင်း​ကျွေးပြီးမှပဲ နား​တော့မယ်​....​နေ့လည်​က​ကော သမီး​လေးအစာဝင်​ရဲ့လား အန်​တီဝင်း ? "

​မေးခွန်းထုတ်​လိုက်​သော ဦး​ကောင်းထက်​၏ မျက်​နှာသည်​အလုပ်​က ပြန်​လာလို့ နွမ်း​နယ်​နေတာထက်​သမီးရဲ့ စိတ်​ကြောင့်​ပိုနွမ်းနယ်​နေဟန်​တူသည်​။

သမီးကို ဂရုစိုက်​ပြလိုက်​သော ဦး​ကောင်းထက်​၏ အပြုအမူသည်​ဒေါ်မူယာသွယ်​အတွက်​မ​ကျေနပ်​စရာ အ​ခြေအ​နေတစ်​ရပ်​ဖြစ်​ခဲ့သည်​။ထိုအရာကို ဦး​ကောင်းထက်​သတိမထားမိခဲ့။

​သူ့စကား​တွေပါ လျစ်​လျူရှု သလို ခံစားလိုက်​ရသသည့်​အတွက်​ဒေါ်မူယာသွယ်​မဲ့ပြုံးတစ်​ခုကို ဟန်​ပါပါပြုံးလိုက်​သည်​။မျက်​ဝန်းများကလည်း​ကောက်​ကျစ်​စဉ်းလဲသည့်​အ​ရောင်​များ တလဲ့လဲ့။ထိုအရာ​တွေကို သမီး​ဇောနှင့်​ပူ​လောင်​နေ​သော ဦး​ကောင်းထက်​မ​တွေ့ရှိလိုက်​ပင်​မဲ့​ဒေါ်​လေးဝင်းက​တော့ မြင်​ဖြစ်​အောင်​မြင်​လိုက်​မိပါ​သေးသည်​။

အခုမှ သူ့သမီးကို အဖြစ်​သည်းပြ​နေသည်​ဟု မ​ကျေနပ်​ချက်​တွေနဲ့​ဒေါ်မူယာသွယ်​စိတ်​ထဲက ထပ်​ရေရွတ်​နေ​မိ​သေးသည်​။

"​နေ့လည်​ကလဲ အစာမဝင်​ဘူး ဆရာရယ်​.... ဒီအတိုင်းဆို သမီး​လေးတစ်​ခုခုဖြစ်​သွားမှာ​တောင်​ကျွန်​မစိုးရိမ်​မိတယ်​..... "

Don't Stop Believing Where stories live. Discover now