Episode - 57

7.4K 607 35
                                    


" မ အဆင်​ပြေ​နေပါပြီ ... က​လေးလဲ အလုပ်​ပျက်​ရက်​တွေ များ​နေပြီ ... မ စိတ်​ကို မ ထိန်းနိုင်​နေပြီမို့လို့ မ အတွက်​နဲ့ က​လေး ခွင့်​တွေထပ်​မယူပါနဲ့​တော့ ... က​လေးကိုလိုအပ်​နေတဲ့ လူနာ​တွေက အများကြီး ရှိ​သေးတယ်​မဟုတ်​လား .... "

အိမ်​ရှေ့ခြံထဲက ဒန်း​လေး​ပေါ်မှာ နှစ်​ယောက်​အတူထိုင်​ရင်း စကား​အေး​အေး​ဆေး​ဆေး​ပြော​နေမိကြသည်​။ အခုဆိုရင်​မ ရဲ့​မေ​မေဆုံးသွားတာလဲ ၂ ပတ်​နီးပါပင်​ရှိ​တော့မည်​။ မ ရဲ့​ယောကျာ်းဖြစ်​တဲ့​တေဇာ ဆိုတဲ့လူက​တော့ ယခုတိုင်​မ ရဲ့​ဘေး ပြန်​မ​ရောက်​လာ​သေးပါ ။ ဘာပဲ​ပြော​ပြော မ အားငယ်​နေတဲ့ အချိန်​တွေမှာ​တော့ လင်​ယောကျာ်းတစ်​ယောက်​အ​နေနဲ့ အနားမှာရှိ​နေ​ပေးသင့်​တယ်​မဟုတ်​လား ။ မိန်းမကိုယူတုန်းကယူပြီး အခုလိုပစ်​ထားတာ​တော့ လုံးဝမ​ကောင်းဘူးလို့ မိုး စိတ်​ထဲက​နေ မကြာခဏ​တွေး​နေမိသည်​။

" မ လဲမနက်​ဖြန်​ကျောင်းပြန်​တက်​တော့မယ်​.... ဒီနှစ်​ထဲမှာ ခွင့်​ရက်​တွေ သိပ်​များ​နေပြီ​လေ ... ကြာရင်​ပြုတ်​မလား​တောင်​မသိဘူး ... "

ရင်​မောတဲ့​လေသံ​လေးနဲ့ လင်း ဆွဲဆွဲငင်​ငင်​လေး​ပြောလိုက်​တော့ မိုး ခပ်​ဖွဖွ​လေးပြုံးလိုက်​မိ၏ ။

" မ​လောက်​တော်​တဲ့ဆရာမမျိုးကို ခွင့်​ရက်​များတာ​လောက်​နဲ့​တော့ အလုပ်​မဖြုတ်​လောက်​ပါဘူး ... "

သူ့အဲ့လို​ပြောလိုက်​ရင်​မ ရဲ့မျက်​နှာမှာ အပြုံး​လေးများ ဖြစ်​တည်​လာမလားဆိုတဲ့​မျှော်​လင့်​ချက်​က​လေးနဲ့​ပြောလိုက်​ပေမဲ့ မ ရဲ့မျက်​နှာ​ပေါ်မှာ​တော့ အပြုံးနဲ့တူတဲ့ အရိပ်​အ​ယောင်​ကို မိုး မ​တွေးခဲ့ရပါ ။

အင်း​ပေါ့​လေ ... ရင်​ထဲမချိမဆံ့ခံစားထားရတာပဲ ... ဘယ်​လိုစိတ်​နဲ့ ပြုံးနိုင်​တော့မှာလဲ ...

မိုး​တွေး​တောလိုက်​ရင်း အကြံတစ်​ခုကရသွားပြန်​သည်​။

" ဒီည​နွေး​လေးတို့ ပြည့်​လေးတို့နဲ့အတူ​ရွှေတိဂုံဘုရားသွားကြမလား .... မ ရဲ့စိတ်​တွေလဲ ပိုပြီးငြိမ်းချမ်းသွား​အောင်​လို့​လေ ..... "

Don't Stop Believing Where stories live. Discover now