သူ့မမရဲ့အိမ်ရှေ့ရောက်ပြီမို့ မိုး ကားပေါ်မှဆင်းလာခါ ခြံထဲဝင်လိုက်တော့ အိမ်ရှေ့ဖိနပ်ချွတ်သို့ ထဘီရင်လျားလေးနဲ့ ဆင်းလာတဲ့သူမရဲ့ မမ ။" မ .....ရေချိုးမလို့လား ? "
" ဟုတ်တယ်ကလေးရယ်။ ရေလေးချိုးချင်လို့ မချိုးရတာ ၂ ရက်ရှိပြီလေ .... "
ဟုတ်တာပေါ့ကျောက်ပတ်တီးကြီးကအခုထိ မဖြည်ရသေးတာမို့ သူ့မမခမျာနေ့တိုင်းရေချိုးချင်တိုင်း ချိုးလို့ကမရ။
" တစ်ယောက်တည်းချိုးလို့ အဆင်ပြေပါ့မလား မရယ်။ အန်တီကော ? "
"မေမေလဲဖျားနေတယ်ကလေးရဲ့။ အဲ့ဒါကြောင့် မ,စောစောတုန်းလေးရေချိုးပြီး မေမေ့အတွက် လမ်းထိပ်ထွက်ပြီး တခုခုလေးဝယ်ပေးမလိုလေ .... "
" ဟင်... မဖြစ်သေးပါဘူး မရယ်..... ကဲ မိုး ကူချိုးပေးမယ်.... "
မိုး အိမ်ရှေ့ဖိနပ်ချွတ်မှာ သူ့ကျောပိုးအိတ်ကိုချကာ သူ့မမကိုတွဲပေးပြီးအောက်သို့ဆင်းစေသည်။
" ဖြည်းဖြည်းဆင်းချော်လဲနေမယ်.... "
ရေချိုးတဲ့ ကျောက်စည်နားအထိ တွဲပို့အပြီး ဆပ်ပြာခွက်ကိုချကာ အဖုံးဖွင့်ပေးလေသည်။ ပြီးတော့ရေခွက်ကိုကောက်ကိုင်လိုက်သဖြင့်
" ကလေးရယ်ရေတွေ စိုကုန်ပါ့မယ်... "
" စိုလဲ ကိစ္စမရှိပါဘူးမရယ်ကျောပိုးအိတ်ထဲမှာ အဝတ်အစားတစ်စုံပါတယ်။ ဒီည မရဲ့အိမ်မှာအိပ်မှာ။ Daddy ကိုခွင့်တောင်းလာပြီးပြီ ..... "
ပြောရင်းရေတစ်မုတ်ကိုကျောက်စည်အတွင်းမှ ခပ်လိုက်၍ တတောင်ဆစ်နားမှစပြီး လက်ဖျားအထိကျောက်ပတ်တီးကိုင်ထားသည့်မရဲ့ညာလက်ကို အသာလေးအပေါ်မြှောက်ကိုင်လိုက်၏ ။
" ရေမစိုအောင်အပေါ်ခဏလေးမြှောက်ထားနော်။ ကဲ မိုးရေလောင်းပေးမယ်.. "
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...