မိုး အိမ်သို့ပြန်ရောက်သော အခါသူ့အဖေကိုတွေ့လိုက်ရသဖြင့်ဝမ်းသာအားရပြေးဖက်လေတော့သည်။" Daddy ...... "
" Hanna သမီးလေး ...... "
သူ့အဖေက သူ့ကို အမေခေါ်နေကျနာမည်အတိုင်း Hanna ဆိုတဲ့ ဂျပန်နာမည်လေးကိုသာ ချစ်စနိုးနဲ့ခေါ်နေကျဖြစ်သည်။
" Daddy ဒီတစ်ခေါက်ပြန်ရောက်တာစောသားပဲနော်.... "
" ဟုတ်တယ်သမီးလေးရဲ့ Daddy ရဲ့ လုပ်ငန်းကိစ္စတွေမြန်မြန်အဆင်ပြေသွားတာနဲ့စောစောပဲ ပြန်လာဖြစ်သွားတာ .... "
အဖေက သူ့သမီးခေါင်းလေးကို ပွတ်ပေးရင်း
" သမီးကျောင်းစတက်နေရပြီမဟုတ်လား ... ဘယ်လိုလဲ အဆင်ပြေရဲ့လား ?ကျောင်းစာတွေကောလိုက်နိုင်ရဲ့လား ? "
" ဟုတ်... ဒါနဲ့လေ Daddy ကိုလေ သမီး requestလေးတစ်ခုလောက်လုပ်ချင်လို့ .... "
" တစ်ခုမဟုတ်ဘူး ကြိုက်သလောက်သာပြော Daddy အကုန်ဖြည့်ဆည်းပေးမယ်..... "
" ဟိုလေ သမီး ဆရာမတစ်ယောက်လောက်အိမ်မှာခေါ်ပြီး ကျူရှင်သင်ချင်လို့ အဲ့ဒါ Daddy ဆရာမကိုပြောပေးပါလား .... သမီး အိမ်ခေါ်ခဲ့မယ်လေ ..... "
"ခေါ်ခဲ့လေ သမီး .... Daddy လုပ်ပေးမှာပေါ့ ... ဒါနဲ့တစ်ယောက်ထဲပဲလား သမီးရဲ့ .... သမီးလေးက အခု ၁၀ တန်းတောင်ရောက်နေပြီပဲဟာ ..... ၆ ဘာသာ ၆ယောက်လောက်တော့ခေါ်ရမှာပေါ့ ... တစ်ဘာသာတစ်ယောက်ပဲ သင်ကြတာမဟုတ်ဘူးလား ... "
မိုး ရယ်ကာခေါင်းခါလိုက်ပြီး
" သမီးက ဆရာမဒေါ်လင်းဝတ်ရည်သော်တစ်ယောက်ထဲနဲ့ပဲသင်ချင်တာ Daddy ရဲ့ .... အဲ့ဆရာမကလေ တအားတော်တာ .... Daddy ကြည့်နေ သမီး ဒီနှစ်All D ထွက်အောင်ကြိုးစားပြမယ်.... "
သူ့သမီးလေးကိုယ်တိုင်ကိုက ပညာရေးကိစ္စကို လိုလိုလားလားနဲ့ အားတက်သရော်မပြောစဖူးတွေ စပြောနေသည်မို့ ဦးကောင်းထက်မိုး ပီတိတွေဖြာဝေနေချေပြီ ။ သူတအားလဲ အံ့သြလို့နေသည်။ သူ့သမီးလေးမှာ အရင်ကနဲ့မတူတော့ပဲ ပိုတက်ကြွသွက်လက်လာတာတော့ အမှန်ပင်။ အထူးသဖြင့်အရင်ကမပြုံးမရွှင်တဲ့ သူ့သမီးမျက်နှာလေးမှာ ပြုံးရွှင်နေသည်မုိ့ သူလဲ အပျော်ကြီးပျော်နေလေပြီ ။
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...