" ဟပ်ချိုး .... ဟပ်ချိုး .... "ညရောက်တော့ စာလုပ်နေတုန်း မိုး နှာတွေတချေးချေး ဖြစ်နေပါတော့သည်။
" ကလေးဆေးသောက်မှ ဖြစ်မယ်.... နို့မို့ဆို ဖျားသွားလိမ့်မယ်..... "
လင်းပြောနေပေမဲ့ မိုး ကတော့ သူလုပ်နေသည့်စာကိုသာ ကုန်းလုပ်နေရင်း
" ရပါတယ်မရယ်.... "
"တော်ကြာဖျားနေမယ်..... "
"ဆေးကြီးမသောက်ချင်ဘူး မရယ်...... "
ဒီလိုနဲ့ခေါင်းမာလွန်းတဲ့ မမမိုးတစ်ယောက်ညကျတော့ ဖျားပါလေကော ။
"မေမေ ....မေ ~~မေ ~~~ "
ကယောင်ကတမ်းယောင်ယမ်းနေတဲ့ မိုး ရဲ့အသံသဲ့သဲ့ကြောင့်လင်း လန့်နိုးလာသည်။
" ကလေး ..... "
လင်း ခပ်တိုးတိုးခေါ်သော်လဲ ကလေးကမနိုး ။ အဲ့ဒါကြောင့်ထကာ အခန်းမီးဖွင့်ကြည့်လိုက်တော့ မိုး ရဲ့နဖူးမှာချွေးစေးတွေစို့နင့်နေပါသည်။
" ဟင်.... "
ဇတ်ခနဲဆို နဖူးကိုအသာစမ်းလိုက်တော့ မိုး ရဲ့နဖူးတွေပူခြစ်နေသဖြင့်လင်း လန့်ဖြန့်သွား၏ ။
" ဘုရားရေ ... ကိုယ်တွေပူခြစ်နေတာပဲ ... "
"မေမေ ~~~~ "
နှုတ်ကနေ အမေကိုသာယမ်ယောင်နေရှာသော မိုး အား
" ကလေး ..... ကလေး ... "
ဟိုတစ်ခေါက်ကဖျားသလို သတိလစ်နေမှာကြောက်တာမို့ လင်း မိုး ကိုအတင်းလှုပ်နှိုးမိတော့ ကလေးလေးမျက်လုံးတွေ ဖွင့်လာကာ
" မ ~~~~ "
" ကလေး .... ကိုယ်တွေတအားပူနေတယ်။ နေဦး မ နို့လေးဖျော်လာခဲ့မယ်ဆေးလေးထသောက်လိုက်နော်.... "
YOU ARE READING
Don't Stop Believing
Romanceငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့ နွေခေါင်ခေါင်မှာ နှင်းပွင့်လေးတွေကို စောင့်ဆိုင်းရသလိုပါပဲ .... " ( မိုးဝဿန်လွင် / Hanna Keiko ) ...