Part-2

31.8K 2.3K 48
                                    

(Zawgyi)

ခါတိုင်း သရဲခြောက်လောက်အောင် တိတ်ဆိတ်နေတတ်သည့် အိမ်ကြီးထဲတွင် ယခုအခါ ကလေးငိုသံများက ဝက်ဝက်ကွဲ ဆူညံလို့နေသည်။

ဒေါ်ချယ်ရီ သည်လည်း ယခုအခါ အလုပ်မှထွက်၍ ခန့်မှူးပိုင်လေးအတွက် အနီးကပ်ဂရုစိုက်ပေးနေရသည်။
တစ်ခါတစ်လေ သူတစ်ယောက်ထဲနှင့် မလုံလောက်၍ ဦးမင်းခန့်ကပါ ကူညီပေးရသည်။

ခန့်မှူးပိုင်လေး၏အသံမှာ တစ်အိမ်လုံးဆူညံနေတတ်ပြီး
ငိုလျှင် တော်ရုံနှင့်ချော့မရသည့် အောကြောလန်ကလေးလေးဖြစ်သည်။သူငိုလျှင် ဦးမင်းခန့်ကောဒေါ်ချယ်ရီပါ အငြိမ်မနေရ ချော့နည်းပေါင်းစုံဖြင့် မတိတ်တိတ်အောင်ချော့ရသည်။

တခါတလေဦးမင်းခန့်ဂုတ်ပေါ်တင်၍ပင်ပြေးပေးရသည်။
ဒေါ်ချယ်ရီမှာတော့ ကလေးပြုတ်ကျမည် စိုး၍ပြာယာခတ်ကာ ဘေးမှလိုက်အော်ဟစ်နေလေသည်။အောက်မှလက်ဖြင့်လိုက်ခံလိုက် ဦးမင်းခန့်ကိုအော်လိုက်ဖြင့် မနေနိုင် မထိုင်နိုင် ဖြစ်နေတတ်သော်လည်း ဦးမင်းခန့်ကစနောက်ကာ ကလေးလေးကို ပင့်တင်၍ရယ်လေသည်။ထိုအခါ ခန့်မှူးပိုင်လေးကလည်း နားလည်သည့်အလား ဖောင်းနေသောပါးလေးများကို ပြဲကားနေအောင် တခစ်ခစ်လိုက်ရယ်တော့သည်။ပါးချိုင့်လေးနှစ်ဖက်နှင့် အသေအချာစီရီထားသကဲ့သို့ ဖြစ်နေသော သွားဖြူဖြူကလေးများက ချစ်ဖို့ကောင်းသည်ထက် ပိုနေတော့သည်။

ထိုကလေးအပေါ်ထားသည့် မွေးစားမိဘနှစ်ယောက်၏ မေတ္တာမှာ သူ့အားပစ်သွားသော မိဘအရင်းနှစ်ယောက်ထက်
်ပင်ကြီးမားလှသည်။မွေးစားသားဟူသောဂုဏ်ပုဒ်မတပ်စေပဲ သားအရင်းတစ်ယောက်ကဲ့သို့ စောင့်ရှောက်လာခဲ့လေသည်။ှ

ဤသည်မှာ နှစ်အတော်ပင်ကြာလာခဲ့ကာ ခန့်မှူးပိုင်လေး ၅နှစ်ပြည့်မွေးနေ့ နီးလာသည်အထိပင်ဖြစ်သည်။ယခုအခါတွင်လည်း စကားပြောတတ်စ အရွယ်ဖြစ်သောကြောင့် တတွတ်တွတ်နှင့် နားငြီးအောင်ပြောနေတတ်လေပြီ။

ဦးမင်းခန့် သူ၏ ချစ်စရာကောင်းလှသော သားလေးအား ရေချိုးပေးနေလေသည်။
သူ့သားလေးမှာ အခြားကလေးများကဲ့သို့ ရေကြောက်လန့်ခြင်းမရှိပဲ ရေကိုပို၍ကြိုက်နေသေးသည်။
ဝဝကစ်ကစ်လေးဖြစ်နေသော ဖင်လုံးလုံးလေးများကို ခါရမ်းကာ ရေပန်းအောက်တွင် ပျော်ရွှင်စွာ ဆော့ကစားနေတတ်သည်။

Ice Prince (Uni+ZG)Where stories live. Discover now