Part-27

13.9K 1.2K 88
                                    

(Zawgyi)

'ကျနော့်ရဲ့တစ်ဦးတည်းသော…ချစ်သူ'
ထိုစကားနှင့်အတူအချင်းချင်းအံ့သြသော အကြည့်များက ထိုထိုင်ခုံတွင်ထိုင်နေသောကောင်လေးလေးဦးတို့ကြားတွင် အပြန်အလှန်သက်ရောက်နေကြလေသည်။

"ကိုသက် ဒါတကယ်လား ညီတောင်မသိရပါလား"

ကိုခန့်၏အဖြေကိုမည်သို့ဖြေရမှန်းမသိပဲ ကိုသက်တစ်ယောက် အူကြောင်ကြောင်ဖြစ်နေလေသည်။

"အယ်…"

ကိုသက်မပြောရသေးခင် သန့်စင် သူ့ပေါင်ကိုလက်နဲ့လှမ်းတို့လိုက်လေတယ်။

"ဟုတ် ဟုတ်တယ် ကြာတော့မကြာသေးဘူး"

ထိုအချိန်ကိုခန့်၏အကြည့်များကစုံထောက်တစ်ယောက်လိုပဲစူးရှထက်မြက်လို့နေသည်။

"ဟုတ်လား ဘယ်တုန်းကလဲ"

"အရင်တစ်ပါတ်"

"အရင်လက"

ကိုသက်နှင့်သန့်စင်တို့ပါးစပ်မှ မတူညီသောစကားလုံးနှစ်ခု ပြိုင်တူထွက်ကျလာကြသည်။ပြင်ဆင်ထားချင်းမရှိတဲ့လိမ်ညာမှု့တစ်ခုမှာ အမှားတွေထပ်ထပ်ပါနေတတ်သည်မှာထုံးစံပင်။ထို့ကြောင့်လဲမုသားဆိုသူတော်တော်များများ စကားထစ်တတ်ကြသည်မဟုတ်ပါလား။

သန့်စင်ခေါင်းများပူထူနေပြီး သူလက်ကိုင်ထားတဲ့ကိုသက်ကို လှည့်ကြည့်လိုက်လေတယ်။

"တွေ့တာကအရင်လက ချစ်သူဖြစ်တာအရင်တစ်ပါတ်ကလို့ပြောတာ ဟုတ်တယ်မလားကိုနေခ ညီိတို့တွေ့တာအရင်လ 14 ရက်နေ့လောက်ကနော်"

ချောင်ပိတ်မိနေတဲ့ငှက်ကလေးတစ်ကောင်လိုမျက်နှာဖြစ်နေသည့် သန့်စင်အားကြည့်ရင်း သူကိုယ်တိုင်လည်း အကူအညီမဲ့နေလေသည်။

"ဟုတ်တယ်လေ ညီရဲ့"

'ဟာ…သေစမ်း ညီတဲ့'

သန့်စင်မသိမသာစုတ်သတ်တစ်ချက်စုတ်လိုက်သည်။သူ့အလိမ်တွေမစစ်ပဲတဖြည်းဖြည်းပေါ်လာမှာကိုလည်း စိုးရိမ်နေမိလေတယ်။

"ဟုတ်ပါပြီ သန့်စင်တို့ကဘာစားမှာလဲ အကိုကောင်တာသွားမှာမို့လို့ လူများတော့လာမမေးကြဘူးထင်တယ် ဟားဟား"

Ice Prince (Uni+ZG)Where stories live. Discover now