Part-24

14.9K 1.3K 142
                                    

(Zawgyi)

ရှင်းသန့်ခြေလှမ်းများပေါ့ပါးစွာပြေးလာခဲ့ပြီး မကြာမီပင်သူတို့နှစ်ယောက်9တန်းအချိန်က ပထမဆုံးသံယောဇဉ်ဖြစ်ခဲ့ကြသည့် တိုက်ခန်းလေးသို့ ရောက်လာကြလေသည်။မိုးကသည်းလာသည်နှင့်အမျှ သူတို့တစ်ကိုယ်လုံးပေါ်၌ မိုးရေများစိုစွတ်နေကြလျက်ပင်။

အခန်းရှေ့ရောက်သည်နှင့်ကိုခန့်ကိုအောက်ချပြီး အခန်းတံခါးအားဆွဲဖွင့်လိုက်လေသည်။သူပြန်ရောက်ရောက်ချင်းပင်ဟိုတယ်၌မတည်းပဲ ဒီအခန်းလေးသို့ရောက်အောင်ပြန်လာပြီး ရှင်းလင်းထားသောကြောင့် တစ်ခန်းလုံးတွင်ဖုံဟူ၍တစ်စက်မျှပင်မရှိ ဖွေးလို့သန့်လို့နေသည်။
အခန်းကိုအံ့သြစွာကြည့်နေသောကိုခန့်အား လက်ဆွဲ၍အထဲသို့အတူဝင်လာခဲ့ကြလေသည်။

"ဒီအခန်းကမင်းရှင်းထားတာလား"

"အေး...မနေ့ကပြန်ရောက်တော့လာရှင်းထားတာ"

ကိုခန့်စကားပြောနေရင်း ရှင်းသန့်အားလှည့်ကြည့်လိုက်မိသည်။ပါးလွှာသောရေစိုနေသည့်ရှပ်အင်္ကျီအဖြူရောင်အပါးလေးက တောင့်တင်းနေသည့်ခန္ဓာကိုယ်အချိုးအစားပေါ်ကပ်နေကာ ဆွဲဆောင်မှု့ရှိနေလေသည်။

နှဖူးပြင်ပေါ်သို့ရေစို၍ဝဲကျနေကြသောဆံပင်များကိုခေါင်းယမ်းကာခါလိုက်ရင်း အင်္ကျီကြယ်သီးတစ်လုံးချင်းစီကိုဖြုတ်၍ သူ့ကိုလှည့်ကြည့်လာသောပုံက သူ့ကိုရင်ခုန်စေသည်။

"ဘာကြည့်နေတာလဲ...မင်းလည်းချွတ်လေ"

"မစဉ်းစားနဲ့..."

"ဟမ်...မင်းချွတ်မှရမယ်လေ...အခု...ဒါဆိုငါချွတ်ပေးရမှာလား..."

"သေလိုက်......သေတောင်မချွတ်ဘူး ငါ့အနားကပ်ဖို့မစဉ်းစားနဲ့"

"ဟားဟား..."

ရှင်းသန့်ရယ်နေရင်းပင် သူ့ရှပ်အင်္ကျီကိုဆွဲခွာ၍ ချွတ်ချလိုက်သည်။

"အအေးပတ်ပြီးသေချင်လို့လား။"

ရှင်းသန့်ပြောလိုက်မှ သူသတိရသွားလေသည်။သူလည်း တစ်ကိုယ်လုံးစိုရွှဲလျက်ဖြစ်နေသောကြောင့် ရှင်းသန့်ချွတ်ခိုင်းသည် ကိုမသိမိပဲရှက်ရမ်းရမ်း၍ လျှောက်ပြောနေမိသော မိမိကိုယ်တိုင်သာ သေလိုက်ချင်တော့သည်။

Ice Prince (Uni+ZG)Where stories live. Discover now