Part-22

15K 1.4K 225
                                    

(Zawgyi)

ဘာမှဟုတ်သည့် မှန်သားပြင်ပေါ်ကျရောက်လာသော ခေါက်သံလေးက ကိုခန့်အား အဆုံးအစမရှိပျော်သွားစေသည့်အပြင် မျှော်လင့်ချက်ကြီးတစ်ခုကိုလည်းရင်ထဲပေါ်လာစေသည်။

'ရှင်းသန့်များလား…'

ချစ်ရသူသည်…
အချစ်ဟူသောအရာကို ခံစားတတ်အောင်သင်ပေးခဲ့သည်။
အလွမ်းဟူသောအရာကိုလည်း ခံစားတတ်စေခဲ့ပြီး ယခုအခါ
မျှောင်လင့်ခြင်ကိုလည်းထပ်မံသင်ပြခဲ့လေပြီ။

ကိုခန့် ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ဖုန်တက်နေသော ပြတင်းပေါက်မှန်လေးအား ဖွင့်ကြည့်လိုက်လေသည်။
သို့သော် ပြတင်းပေါက်မှန်လေးကိုခေါက်လာသည်က သူချစ်ရသူ၏နွေးထွေးသောလက်တစ်စုံဖြစ်မနေပဲ
ချောက်ကပ်နေသည့်သစ်ကိုင်းတစ်ခုပင်ဖြစ်နေလေသည်။

"မင်းကွာ…"

ဒေါသထွက်သွားသောကြောင့် ဘေးနားမှစာအုပ်တစ်အုပ်အား နံရံသို့ပစ်ပေါက်လိုက်လေသည်။စာအုပ်တစ်အုပ်ကို ကြမ်းကြမ်းတမ်းတမ်းပင်မကိုင်ခဲ့ဖူးသူက စာအုပ်ကိုပစ်ပေါက်လိုက်မိလေပြီ။

"ခန့်မှူးပိုင် မင်းအမှတ်မရှိသေးဘူးလား။ မင်းဘာလို့အခုချိန်ထိစောင့်နေရသေးတာလဲ။"

ကိုခန့်အသက်ရှုများပင်မှားလာပြီး မျက်နှာမှာလည်းနီရဲလာလေသည်။တစ်ခါမှဒေါသမထွက်ဖူးသောလူ ပေါက်ကွဲလျှင် ကြောက်ဖို့ကောင်း၏။

"မင်းဘာလို့သူ့ကိုချစ်နေရသေးတာလဲ။အခုချိန်ထိဘာလို့မျှော်လင့်နေသေးတာလဲကွာ။ မင်းကိုသူကရောချစ်သေးလို့လား။"

သူ့လက်သီးအစုံကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်မို့
နုပါးလှသောလက်ကလေးများက နီရဲလို့နေသည်။

"မင်းကွာ...မင်းမကောင်းတာ။မင်းချစ်နေသေးလို့ခံစားနေရတာကွ။အဲ့ဒါမင်းသိလား။"

မည်မျှပင်မာကြောသောအရာဖြစ်ပါစေ...အတွင်းမှတွန်းအားများလာသည်နှင့်အမျှ တစ်ချိန်တော့ပေါက်ကွဲကြရပေသည်။အချိန်ကွာခြားချက်သာရှိ၏။လူသားများအပါအ၀င် အရာအားလုံး မွန်းကျပ်လာသည်နှင့်အမျှ ပေါက်ကွဲရန်နီးလာလေသည်။ပေါက်ကွဲလျှင်လည်း လေဖြည့်ထားသောပူဖောင်းတစ်လုံးကို အပ်နဲ့ထိုးဖောက်လိုက်ဟန်တူသည်။

Ice Prince (Uni+ZG)Where stories live. Discover now