Part-31

12.6K 1.1K 128
                                    

(Zawgyi)

နေသက်ခအားကြည့်ရင်းသူ့ကြောင့်ဖြစ်ရသောကြောင့် သန့်စင်မိမိကိုယ်ကိုအပြစ်တင်နေမိသည်။
နေသက်ခဝတ်ဆင်ထားသောရှပ်အင်္ကျိပေါ်တွင်ဖုန်များနှင့် သွေးများကပေကျံနေပြီး ပြုတ်နေသောကြယ်သီးများကြားထဲမှလည်း ခန္ဓာကိုယ်အဖုအထစ်များကိုမြင်နေရသည်။

"အင်္ကျိကိုကြယ်သီးအပြည့်တပ်ဝတ်မယ့်အစား ဒီလိုဝတ်သင့်တာ…
ခင်ဗျားခန္ဓာကိုယ်ကတောင့်ပြီးလှနေတဲ့ဟာ…ဒီလိုဖြစ်အောင်လုပ်သွားတဲ့ဟိုကောင်တွေကို သေတောင်ခွင့်မလွှတ်ဘူး"

ငယ်ငယ်ကတည်းက အကောင်သေးသောကြောင့် အနိုင်ကျင့်ခံရလေ့ရှိသော သန့်စင် အထက်တန်းတက်သည်နှင့် အနိုင်ကျင့်မခံချင်တော့ပဲ ဦးလေးဖြစ်သူစစ်ဗိုလ်ထံမှကိုယ်ခံပညာနှင့် ကိုယ်ချပညာများကို သင်ယူလေ့လာထားခဲ့တာဖြစ်လို့ ယခုလိုလမ်းဘေးလူမိုက်တွေဆိုတဲ့ရမ်းသမ်းချနေတဲ့လူတွေကို သူအေးဆေးလေးအနိုင်ယူနိုင်လေသည်။
'ဗလမရှိပေမယ့်ဇရှိတယ်'ဆိုတဲ့စကားကို သူ့ကဖော်ကျူးပြနေလိုပဲ။

တွေးရင်းငေးရင်း လမ်းလေးအတိုင်း ကိုသက်တို့အိမ်မရောက်ခင်လမ်းစုံလေးရှိရာဆီသို့တဖြေးဖြေးချင်းမောင်းလာခဲ့လေသည်။မကြာခင်မှာပဲ ကားရှေ့လမ်းမဘေးတွင်တွေ့လိုက်ရသည့် တစ်စုံတစ်ယောက်ကြောင့် သန့်စင်ချက်ချင်းကားရပ်လိုက်လေသည်။

"အင်ကြင်း..."

သူ့နာမည်ခေါ်လိုက်တော့ အင်ကြင်းခပ်ချေချေအကြည့်ဖြင့်
အနောက်သို့လှည့်ကြည့်လိုက်၍ သန့်စင်ကိုတွေ့လိုက်ရသောအခါ အချေရုပ်မှ မိခင်တစ်ယောက်ကသူ့သားအရင်းအချာအား တွေ့လိုက်ရသည့်ပုံစံအနေအထားသို့ ပြောင်းလဲသွားလေသည်။

"ဟယ်...သန့်စင်...ကလေးလေး"

"ကလေးလေးလုပ်မနေနဲ့နင်နဲ့ငါအသက်တူတူပဲ"

"နင်ကသေးသေးလေးကို"

"အေးပါ...ဒါနဲ့အနောက်မှာကိုသက်မူးလာတယ်"

"ဟမ်...မူးလာတယ်"

အင်ကြင်းမယုံနိုင်စွာအံ့သြပြီးအော်မိလိုက်လေသည်။
ကြောင်နဲ့ကြွက်ချစ်နေကြတယ်ဆိုရင်တောင်ယုံချင်ယုံဦးမည်။နေဆီပထမဆုံးလူရောက်တယ်ဆိုတာတောင်ယုံချင်ယုံပေဦးမည်။ကိုသက်မူးလာတယ်ဆိုတဲ့စကားသည် သူ့အတွက် လုံးဝကိုမယုံနိုင်စရာပင်ဖြစ်သည်။

Ice Prince (Uni+ZG)Where stories live. Discover now