(Zawgyi)
တောက်ပလာသော နေမင်းကြီး၏အလင်းရောင်နှင့်အတူ
သစ်ပင်လေးများက တဖန်ပြန်လည်စိမ်းလန်းလာကြသည်။ခေါင်းလောင်းသံမြည်နေသော ကျောင်းတော်ကြီးရှိရာဆီသို့
ကျောင်းသားကျောင်းသူများ စာသင်ရန်အတွက် ဦးတည်လာ နေကြချိန်လည်းဖြစ်သည်။ကျောင်းသူအားလုံးထဲတွင် အလှဆုံးဖြစ်သည့် အင်ကြင်းကို
မြင်သမျှကျောင်းသားတိုင်းက ငေးသွားကြပြီး...ရုပ်ရည်ချောမောသန့်ပြန့်သော ဖြူဖွေးဖွေးကောင်လေးတစ်ယောက်ဖြစ်သည့် ကိုခန့်ကိုတော့ ကျောင်းသူလေးများက ငေးသွားကြသည်။သူတို့နှစ်ယောက်အလယ်တွင် ပုဆိုးကိုခြေမျက်စိပေါ်အောင် ဝတ်ထားပြီး အင်္ကျိလက်ခေါက်တင်ထားသော ရှင်းသန့်...မည်သူမှပင် မငေးရဲမကြည့်ရဲကြ...ထိုနာမည်ကြားသည်နှင့် မည်သူမှအပေါင်းအသင်းမလုပ်ချင်ကြသော ချဉ်ဖတ်ဖြစ်သောကြောင့် နာမည်ကြီးသည်။သုံးဦးလုံး သူ့နေရာနှင့်သူ နာမည်ကြီးကြသော်လည်း ရှင်းသန့်မှာအဆိုးဆုံးဖြစ်သည်။သူရှိနေသောကြောင့်လည်း အင်ကြင်းနှင့်ကိုခန့်တို့အနားသို့ မည်သူမျှမကပ်ရဲကြပေ။
"ဟဲ့ရှင်းသန့်...နင်ညကအိပ်မလာဘူးလား"
မျက်ကွင်းညိုတိုတို ဆံပင်ဘုတ်သိုက်ဖြင့် ကျောင်းလာသော ရှင်းသန့်အား အင်ကြင်းလှမ်းပုတ်၍မေးလိုက်သည်။
"ဟေ......ငါ...ငါအိပ်မပျော်လို့ဟ"
"ဘာလို့လဲ"
"အေး...ငါပိုင်လေးကြောင့်အိပ်မရတာ"
"ဟင်...ကိုခန့်နင်...ဘာလုပ်လိုက်လို့လဲ"
ကိုခန့် အင်ကြင်းကိုမျက်မှောင်ကျုံ့၍ကြည့်လိုက်သည်။
"ငါဘယ်သိမလဲ သူ့မေးပါလား..."
"ဟာ...ဘာလဲဟာ...ဒီကဟိုမေး...ဟိုကဒီမေးနဲ့"
'ဟဲ့...အဲ့နှစ်ယောက်မလား...ကျောင်းကHomoအတွဲဆိုတာ...'
'အေးဟအေးဟ...ချောချောလေးတွေနဲ့ခြောက်နေကြတာဟယ်...မထင်ရဘူး'
'ချောမှတော့ခြောက်ပြီပေါ့ဟဲ့...ဟိဟိ'
'အေးနော်...အေးနော်...ဟိဟိ...'
YOU ARE READING
Ice Prince (Uni+ZG)
Romanceမင်းသာငါ့နှလုံးသားနန်းတော်ရဲ့ဘုရင်တစ်ပါးပါပဲ...ပိုင်လေး ရှင်းသန့်ဆိုတဲ့လူရဲ့ဘဝမှာမင်းတစ်ယောက်ထဲရှိတယ်...... 09/08/2017~5/7/2018 (Edited-15/10/2018~6/11/2018)