Extra part (2) Mature Rated

7.7K 362 10
                                    

Inappropriate content warning:

This part contains sex scene.If this is inappropriate for you to read.Zeon recommend you to ignore this part.

(Zawgyi)

မုန့်စားမည်ဆိုပြီး လိုက်ခဲ့သော နေရာမှာ ကန်တင်းမဟုတ်ပဲ တိတ်ဆိတ်နေသော ကော်ဖီဆိုင်လေးတစ်ခု။အပြင်အဆင် နုံချာမနေပဲ သပ်ရပ်နေပြီး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်သော ဆိုင်လေးဖြစ်သည်။စာအုပ်လေးတစ်အုပ်ကိုင်ပြီး ကော်ဖီတစ်ခွက်နှင့် တစ်ယောက်တည်း ထိုင်၍ကောင်းသော ဆိုင်ကလေးတစ်ခုဖြစ်သည်။

ကိုခန့်ကတော့ ကော်ဖီတစ်ခွက်မှာသောက်ပြီး အကြောတင်း အင်ကြင်းကတော့ စတော်ဘယ်ရီကိတ် တစ်စိတ်ရယ် ထောပတ်သီးဖျော်ရည် တစ်ခွက်ရယ်ကို အပီအပြင် စားနေသည်။ကိုခန့်မျက်နှာပေါ်ကနေ အကြည့်မခွာသော ဟိုအကောင်ကိုလည်း မျက်စောင်းတထိုးထိုးနှင့်။

"မင်းက အနီးကပ်ကြည့်ရင် အရမ်းချောတာပဲ။"

ကိုခန့် ဘာမှမတုန့်ပြန်ပဲ ကော်ဖီခွက်ကို မ၍ တစ်ငုံကောက် မော့လိုက်သည်။လူမှု့ရေးအရ ဒါဟာ စကားပြန်မပြောချင်ဘူး ဆိုတာကို ပြတယ်ဆိုတာကိုလည်း ထက်ဝေပိုင် ကောင်းကောင်းနားလည်ဟန်ရသည်။ပြုံးသာပြပြီး စကားမဆက်တော့ပေ။

တီ.. တမ်း..တမ်းတမ်း..တမ်း။

ကိုခန့် မြည်သံထွက်လာတဲ့ စားပွဲပေါ်က သူ့ဖုန်းကို လှမ်းကြည့်လိုက်သည်။ထင်ထားသည့်အတိုင်း ရှင်းသန့်ဆီကပင်။ရှင်းသန့် လို့နှစ်လုံးတည်း မှတ်ထားပြီး သူအိပ်ပျော်နေတဲ့ ပုံလေးကို တင်မှတ်ထားတဲ့ contact လေး။ဘယ်သူ့ကိုမှ ပုံတင်ပြီး မှတ်ထားလေ့မရှိတဲ့ သူ့ဖုန်းထဲ ရှင်းသန့်ဓာတ်ပုံက ဆွဲဆောင်မှု့အပြည့်အဝ ရှိလို့နေသည်။အင်္ကျီမပါ ခေါင်းအုံးကိုဖက် ဆံပင်စုတ်ဖွားနှင့် မှောက်လျက်ကလေး အိပ်ပျော်နေသော ရှင်းသန့်ပုံကို သူ့ကိုဖုန်းခေါ်တိုင်း ကြည့်၍ပြုံးမိလေသည်။အခုလုံး ရုပ်တည်နေရင်းမှ ထပြုံးမိသည်မဟုတ်ပါလား။

"ဟဲလို။"

"အချစ်ကလေး။ထမင်းစားပြီးပြီလား။အတူစားရအောင် လာခေါ်မယ်လေ။"

"အင်း။ရောက်ရင် ဖုန်းဆက်။လောလောဆယ် အင်ကြင်း ပြသနာလိုက်ရှင်းပေးနေလို့။"

Ice Prince (Uni+ZG)Where stories live. Discover now