Part-18

15.2K 1.3K 159
                                    

(Zawgyi)

"အင်ကြင်းရေ…သမီးဒီမှာဘယ်သူပြန်လာလဲလာကြည့်ပါဦး"

အိမ်အောက်မှဒေါ်နှင်းဆီ၏အော်ခေါ်သံကြောင့် အခန်းထဲတွင်ဆံပင်စည်းနေသောအင်ကြင်း မြန်မြန်လက်စသပ်ပြီး ဘီးကိုပစ်ချ၍အိမ်အောက်ပြေးဆင်းလာခဲ့သည်။
ဆံပင်အနက်ရောင်ခါးထိအရှည်ကိုဖဲပြားအနီလေးစည်းကာ မြန်မာဝတ်စုံအနီရောင်ဝမ်းဆက်လေးဖြင့် သနပ်ခါးပါးကွက်ကြားလေးလိမ်းထားသော အင်ကြင်းမှာပထမနှစ်ဆေးကျောင်းသူပင်ဖြစ်၍ အလွန်ချစ်ဖို့ကောင်းနေတော့သည်။

"ဟယ်…ကိုသက်"

ဆိုဖာပေါ်တွင်ထိုင်နေသောသူမှာ နေသက်ခ ဖြစ်သည်။
အင်ကြင်းငယ်ငယ်ကအရမ်းချစ်ရသော သူ့အကိုဝမ်းကွဲဖြစ်သည်။နိုင်ငံခြားတွင်မိဘများစီးပွားရေးလုပ်သောကြောင့် ငယ်ငယ်ကပင်နိုင်ငံခြားသို့ထွက်သွားကာ ယခုအချိန်မှမြန်မာနိုင်ငံသို့ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဆံပင်မရှည်တရှည်ကို အလယ်မကျတကျ ထောင့်နားမှခွဲ၍ အနောက်သို့လှန်တင်ထားသည်။ဖြူဖွေးသောအသားအရည်ရှိပြီး နေကာမျက်မှန်အနက်ရောင်ကိုဝတ်ဆင်ထားသည်။
ယောင်္ကျားဆန်ဆန်မျက်နှာကျရှိသည့်အပြင် အေးအေးဆေးဆေးနေတတ်သူတစ်ယောက်ဖြစ်သည်။
ရှပ်အင်္ကျိအပြာနုလေးကိုလက်ခေါက်တင်ထားပြီး စတိုင်လ်ဘောင်းဘီအရှည်နှင့် Leather Shoe တို့က
သူ့ကိုပို၍ကြည့်ကောင်းနေစေသည်။

ကိုသက် နေကာမျက်မှန်ကိုနှဖူးပေါ်မတင်လိုက်ပြီး အညိုရောင်သမ်းသော မျက်လုံးများဖြင့်အင်ကြင်းအား လှမ်းကြည့်လိုက်လေသည်။

"Oh…My…God! အင်ကြင်း…ညီမလေးဒီအရွယ်တောင်ရောက်လာပြီလား"

"ဟိဟိ…ချောမောလှပ၁၈နှစ်မ ဖြစ်နေပြီလေ ကိုသက်ရဲ့။ မုန့်ဝယ်လာလား"

"အခုကိုသက်ကစီးပွားရေးလုပ်ငန်းရှင်ဖြစ်နေပြီလေ ညီမလေးလိုချင်တာချက်ချင်းဝယ်ပေးလို့ရနေပြီ"

"ဟိဟိ…ကိုသက်…အရမ်းချောလာတယ်…Ukeလေးဘာလေးမလိုချင်ဘူးလား"

"Are you kidding me?"

"ဟိဟိ…မလိုချင်ဘူးလား ကိုသက်ကလဲ…သမီးရှာပေးမယ်လေ"

Ice Prince (Uni+ZG)Where stories live. Discover now