Part-19

14.1K 1.2K 156
                                    

(Zawgyi)

ပြင်းထန်သောလေအေးများရိုက်ခတ်မှု့ကြောင့် ကိုခန့်တစ်ယောက်အိပ်နေရာမှ ကြိုးစား၍မျက်လုံးအစုံကိုဖြေးညှင်းစွာဖွင့်လိုက်သည်။အေးစက်နေသောရာသီဥတုနှင့်ပတ်ဝန်းကျင်…နှင်းများဖြင့်ဖြူဖွေးစွာဖုံးလွှမ်းနေသည့် တောင်ကြီးတစ်ခု၏အပေါ်တွင်သူတစ်ယောက်ထဲရှိနေလေသည်။
မိမိအရှေ့တည့်တည့်တွင်ရှိသော လှပစွာဖြူဖြူဖွေးဖွေးနှင်းများဖုံး၍သွယ်တန်းနေသည့် နှင်းတောင်တန်းများကိုအံ့သြစွာလိုက်ကြည့်နေမိလေသည်။

"ပိုင်လေး…"

ထိုစဉ်အနောက်မှပြုံးပျော်စွာ လှမ်းအော်ခေါ်သည့်အသံတစ်သံအားကြားလိုက်ရသည်။ ကိုခန့်ထိုအသံကိုရင်းနှီးနေသည် သိလည်းသိနေသည်။သို့သော်မယုံနိုင်စွာပင်ဖြည်းဖြည်းချင်း အနောက်သို့လှည့်ကြည့်လိုက်၏။

"ရှင်းသန့်"

အဖြူရောင်နှင်းများကြားတွင် အနက်ရောင်Coatအင်္ကျီ ထူထူထဲထဲဝတ်ဆင်ထားပြီး ရော်ဘာဖိနပ်အရှည်ဝတ်ထားသော ရှင်းသန့်ဖြစ်သည်။
သူနှစ်နှစ်တာတိတိအတွေ့ချင်ခဲ့ဆုံးသော…အလွမ်းဆုံးသော…သတိအရဆုံးသော…ရှင်းသန့်၏အပြုံး။
ထိုအပြုံးလေးကိုရှင်းသန့်နှစ်လိုဖွယ်ပြုံးနေ၍ လက်အိတ်ဝတ်ထားသောလက်နှစ်ဖက်ကိုထောင်ရမ်းကာ လှမ်းအော်ခေါ်နေလေသည်။

"ရှင်း……သန့်"

ကိုခန့်ပါးစပ်လေးများတုန်ရီစွာနဲ့ရှင်းသန့်နာမည်ကိုခေါ်လိုက်တယ်။ဝမ်းသာဝမ်းနည်း အသဲမကွဲပဲ စီးကျလာသောမျက်ရည်စက်လေးများကနှင်းမှုန်များကြားထဲ အေးခဲပျောက်ကွယ်သွားလေတယ်။

"လာလေ…ပိုင်လေး"

ကိုခန့်ရင်ဘတ်တစ်ခုလုံးဆူပူလာပြီး မျက်ရည်လေးများကလည်းဆက်လက်ကျဆင်းလာသည်။
သူဆက်လက်ထိန်း၍မရတော့ ရင်ဘတ်တစ်ခုလုံးကဆာလောင်မွတ်သိပ်နေသောလူတစ်ယောက်ကဲ့သို့ မွန်းကျပ်စွာတောင်းဆိုနေကြသည်။

ချက်ချင်းပင်ရှင်းသန့်ရှိရာဆီသို့ ခြေထောက်ကိုအားကုန်ထည့်၍ပြေးသွားမိခဲ့သည်။ခြေထောက်အစုံတို့ကလေပေါ်ပျံဝဲနေကြသည့်သဖွယ်ပြေးသွားလျက် နှင်းမှုန်ရောသောလေပြေလေးများကလည်း ပါးပြင်အစုံသို့လာရောက်ရိုက်ခတ်ကြလေသည်။

Ice Prince (Uni+ZG)Where stories live. Discover now