Part-43

8.6K 764 107
                                    

(Zawgyi)

အညိုရောင်အိမ်ကြီးသည် ခြံဝန်းထဲပန်းခင်းများနှင့် ပြည့်လျက်ရှိပြီး ထိုပန်းခင်းများကို ဖြတ်သန်းတိုက်ခတ်လာသောလေပြေလေးများက ပန်းရနံ့များကိုသယ်ဆောင်လာကြလေသည်။နှစ်ထပ်အိမ်အပေါ်တွင် ထပ်ဆင့်ကာထားသော အညိုရောင်အုပ်ကြွပ်များက နေဒဏ်ကိုကြံ့ကြံ့ခံအံတုနေကြလေသည်။အပေါ်ထပ်တွင် ဧည့်ခန်းအကျဉ်းလေးခြောက်ခန်းပါရှိပြီး ဟောကြီးနှင့် မီးဖိုချောင်များဆီဆို့ ပန်းပွတ်များစီရီထားသောလှေကားကြီးအနောက် တွင်တည်ရှိသည်။ခမ်းနားပြီးတိတ်ဆိတ်လှသည့်အိမ်ကြီးပင်ဖြစ်၏။

ထိုအချိန်တစ်စုံတစ်ယောက် အိမ်အပေါ်ထပ်ထောင့်ရှိအခန်းလေးထဲသို့
ဖြည်းဖြည်းချင်းလမ်းလျှောက်သွားနေသည့် ခြေသံကတစ်အိမ်လုံး မြည်ဟီးဖုံးလွှမ်းလို့နေသည်။မကြာမီပင်ထောင့်နားအခန်းရှေ့တွင် ခြေသံရပ်သွားကာ အရှေ့မှတံခါးကိုဖြေးဖြေးချင်းဖွင့်လိုက်သံက 'ကျွီ'ကနဲမြည်လာလေသည်။ထိုလူသည် ရှပ်အင်္ကျိအဖြူ ရွှေရောင်နာရီ အသားရောင်စတိုင်လ်ဘောင်းဘီနှင့် နေသက်ခပင်ဖြစ်သည်။

မရှင်းတာကြာပြီဖြစ်သည့် ဂိုဒေါင်ထဲသို့ဖြေးဖြေးချင်းလျှောက်ကြည့်နေခြင်းပင်။
ချက်ချင်းဆိုသလို တစ်စုံတစ်ခုကိုတွေ့သွားသည့်ဟန်ဖြင့် ထိုနေရာတွင်ရပ်လိုက်ကာ အရှေ့ရှိ သေတ္တာအဟောင်းလေးပေါ်တွင် တင်ထားသည့် ဖုန်အလိမ့်လိမ့်တက်နေသောစာအုပ်လေးကို ကောက်ယူကာ ပန်းရောင်သမ်းနေသောနှုတ်ခမ်းပါးလေးကိုဆူ၍ အားယူကာမှုတ်လိုက်လေသည်။

လေအားပြင်းပြင်းနှင့်အတူ များပြားလှသောဖုန်မှုန့်များက အပြင်သို့လွင့်စင်ရုံသာမက ကိုသက်မျက်နှာတည့်တည့်သို့ အလုံးလိုက်တက်စင်ကြလေသည်။

'အဟွတ်...အဟွတ်...'

မျက်နှာပေါ်ပေသွားသော ဖုန်များကို ဖြူသွယ်သွယ်လက်ချောင်းလေးများဖြင့် ခပ်သွက်သွက်ပြန်သုတ်လိုက်ပြီး စာအုပ်အဖုံးလေးကိုဖွင့်မည်အလုပ် စာအုပ်ထဲမှဓာတ်ပုံလေးတစ်ပုံထွက်ကျလေသည်။ထိုဓာတ်ပုံလေးမှာ ကိုသက်ခြေထောက်ပေါ် ဒေါင်လိုက်ပြုတ်ကျ၍ကြမ်းပြင် ပေါ်မှောက်လျက်သား ကျသွားလေသည်။
အချိန်တော်တော်ကြာညောင်းစွာ သိမ်းထားသည့်သဖွယ်
ဓာတ်ပုံ၏အနောက်ပိုင်းမှာ ညစ်ပေနေပြီးထောင့်များကလည်း အနည်းငယ်စုတ်ပြဲနေ၏။

Ice Prince (Uni+ZG)Where stories live. Discover now