Part-48

7.7K 695 87
                                    

(Zawgyi)

ကိုခန့်မေးခွန်းများကိုစီရီ၍ မေးရန်ဟန်ပြင်နေမိသည်။
သို့သော်သူမေးမရ ပါးစပ်ကဘာမှပြောမရအောင် ပြုစားခံထားလိုက်ရသဖွယ် နှုတ်ခါးပါးများကလည်းတုန်ရီနေသည်။
တကယ်လဲပြုစားခံလိုက်ရခြင်းပင် သူဘာမှပြော၍မရတော့။
ပိတ်နေသော ပါးစပ်ကို ကြိုးစားဖွင့်သော်လည်းမပွင့်လာ ခဲပြီးကပ်နေသောရေခဲနှစ်ချပ်ကို လက်ဖြင့်အတင်းခွာနေသကဲ့သို့ ဘာမှမထူးခြာလာခဲ့ပေ။

"ငါဒီကိုလာတယ်ဆိုတာမင်းကိုပြောစရာရှိလို့
သတိပေးစရာရှိလို့လာတာ။ဒီနေရာမှာငါကြိုက်သလိုစီမံလို့ရတယ်။ဒါဟာငါ့မှတ်ညဏ်တစ်ခုအဖြစ်တည်ရှိနေတာမို့လို့ပဲ…"

ထိုအမျိုးသမီးကြီး နူးညံ့ပျော့ပျောင်းသော ကိုခန့်ဆံပင်များကို အားနှင့်ဆောင့်ဆွဲလိုက်သည်။အားပြင်းလှသောကြောင့်လည်း ဦးခေါင်းတစ်ခုလုံးဆွဲစုပ်လိုက်သလို နာကျင်ခံစားရစေသည်။တစ်ချို့ဆိုကျွတ်၍ သူ့လက်ထဲပါကုန်ကြသည်။

"မင်းအမေနဲ့တူတာပဲ…ဆံပင်တွေက။
ငါ့သမီးလေးရဲ့လှပတဲ့ဆံနွယ်တွေက မင်းလိုမျိုးယုတ်လေးဆီမှာပါလာတာ သိပ်ဆိုးတာပဲ"

ထိုအမျိုးသမီးလက်ထဲမှာပါလာတဲ့ ဆံပင်တွေကိုခါထုတ်လိုက်သည်။အမြစ်ကနေပြတ်သွားတာမျိုးမဟုတ်ပဲ တစ်ဝက်ပြတ်တစ်ပိုင်းပြတ်
ဆံပင်စတွေက မြေပြင်ပေါ်ကိုလွင့်စင်ကျသွားကြ၏။

"ဒါဆို…မင်းအခု18နှစ်ပြည့်ပြီပေါ့။ငါထင်တာမမှားဘူးဆိုရင်။မင်းအမေ မင်းကိုလာတွေ့ပြီးလောက်ပြီထင်တယ်။အေး…ပြီးတော့ ငါကျိန်စာတိုက်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြပြီးလောက်ပြီထင်တယ်"

ကိုခန့်ပါးစပ်မှပြောမရသောကြောင့် ခေါင်းကိုပဲသုံးခါဆက်တိုက်လှုပ်ခါပြီး ခေါင်းငြိမ့်လိုက်သည်။

"အော် ဟုတ်သားပဲ…မင်းစကားပြောလို့ရပြီ"

ကိုခန့်ပါးစပ်ကိုပြန်ဖွင့်ကြည့်သောအခါ ဒီတစ်ခါပါးစပ်က လွယ်လွယ်ကူကူပြန်ပွင့်လာသည်။ထို့နောက်အရှေ့မှ အဘွားကြီးကိုကြည့်လိုက်ပြီး…

"ကျိန်စာ…"

"အိုဟိုး…ဒီလောက်ဆိုငါသိပြီ"

Ice Prince (Uni+ZG)Where stories live. Discover now