Part-35

13.1K 1K 99
                                    

(Zawgyi)

မနက်ခင်း၏သူရိန်နေမင်းကြီးသည် ကောင်းကင်ပေါ်တွင်ရောင်စဉ်ခုနှစ်ခုဖြာလျက်တောက်ပနေသည်။ထိုအရောင်ထဲတွင်မှအပြာရောင်ကိုသာစစ်ထုတ်ပေးသော လေထု၏ကျေးဇူးဖြင့် ကျွန်တော်တို့လှပသည့်အပြာရောင်ကောင်းကင်ကြီးကို မြင့်တွေ့ခွင့်ရနိုင်ကြသည်မဟုတ်ပါလော။

ထိုအပြာရောင်ကောင်းကင်ဆီမှလာသော နေရောင်ခြည်တန်းတို့ကအခန်းပြတင်းပေါက်ကိုကျော်ဖြတ်လျက် ပိုင်စိုးပိုင်နင်းဖြင့် မနက်စာစားနေသော ကျွန်တော့်ချစ်သူ၏ မျက်နှာပြင်ပေါ်တွင် ခြေချအနားယူနေလေသည်။

သို့သော်လည်းကိုနေမင်းကြီးကိုကျေးဇူးတင်ရပေမည်။သူ့ရဲ့အလင်းရောင်ကျရောက်သွားသောအခါ ကျွန်တော့်ချစ်သူ၏မျက်လုံးလေးများ ပိုမိုတောက်ပလာသောကြောင့်ပင်။ မဲနက်နေတဲ့ပုတုံးရောင်ဆံနွယ်တွေကလည်း သူ့အရှိန်အဝါကြောင့် ပုတုံးရောင်နက်မှောင်နေကြသည်။ဖြူဖွေးသော ကျွန်တော့်ချစ်သူ၏ အသားအရည်လေးကလည်း သူ့အလင်းရောင်ကြောင့် ပိုမိုတောက်ပနေလေသည်။

ရှင်သန့် မေးထောက်ပြီး သူ့ချစ်သူ၏ လှပသောမျက်နှာလေးကို တစိမ့်စိမ့်ထိုင်ကြည့်နေမိသည်။ထိုအကြည့်သည် မနာလိုခြင်းကင်းစင်သော တဏာကင်းမဲ့သော ဖြူစင်သည့်အကြည့်ဟုသာ အဓိပ္ပာယ်ဖွင့်ဆို၍ရနိုင်သည်။မိမိအသက်ထက်ချစ်ရသော လူတစ်ယောက်၏မျက်နှာလေးကို တစိမ့်စိမ့် ထိုင်ကြည့်နေခွင့်ရသည်မှာလည်း ဘုံစည်းစိမ်တစ်ခုပင်ဖြစ်သည်။

အချစ်ဆိုသည့်အရာ၏ အခြေခံအုတ်မြစ်ဖြစ်တည်ရာသည် အကြည့်ဟူသည်ကိုလည်း 'မြင်မြင်ချင်းချစ်မိသည်' ဟူသောစကားလေးက သက်သေထူနေလေ၏။လူတစ်ယောက်ကိုပိုချစ်ချင်ပါသလား……
သူ့ကိုနေ့တိုင်း အချိန်တိုင်း ပြုံးပြီးသာကြည့်နေလိုက်ပါ။
သူ့ရဲ့လှပမှု့တွေကိုသာခံစားကြည့်လိုက်ပါ။သင်သူ့ကိုချစ်မိသွားပါလိမ့်မယ်။

'ငါ ဆုတောင်းတစ်ခုသာ ပြည့်မယ်ဆိုရင်လေ ငါ့ရဲ့နောက်ဆုံးထွက်သက်ထိ မင်းကို ချစ်နေခွင့်ရပါစေလို့ပဲ ငါဆုတောင်းမိမယ်ထင်တယ်'

ရှင်းသန့် သူ့ချစ်သူ၏အလှအပများကို နေ့တိုင်းခံစားရင်း စိတ်ထဲရေရွတ်လိုက်မိသည်။ သူ ကိုခန့်အား တစ်နေ့တစ်နေ့ ပိုပိုပြီး ချစ်မိလာလေသည်ကိုလည်းဝန်ခံမိလေသည်။

Ice Prince (Uni+ZG)Where stories live. Discover now