Part-52

8.5K 738 96
                                    

(Zawgyi)

'ဒုန်း ဒုန်း ဒုန်း'

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကြားထဲ ရုတ်တရက် တံခါးအကျယ်ကြီးခေါက်လိုက်တဲ့အသံကြောင့် ဆာကူရာ့လက်ထဲကသုံးနေလက်စဖုန်းတောင် လွတ်ကျသွားမတတ် လန့်သွားရသည်။

"ဒီအချိန်ကြီးဘယ်သူလဲ"

ဆာကူရာဖုန်းကို ပြန်ကောက်ပြီးကြည့်လိုက်တယ်။

12:30 PM

အချိန်ကလည်းအတော်နှောင်းနေပြီဖြစ်၍ တံခါးဖွင့်ပေးဖို့ ဝန်လေးနေမိသည်။တံခါးဘဲလ်ကိုတီးလိုက်လည်း ရပါရဲ့သားနဲ့ ဘာလို့အခုလိုတံခါးကိုလာထုနေလဲလည်း သူစဉ်းစားနေမိသည်။

'ဒုန်း ဒုန်း ဒုန်း'

အဆက်မပြတ်ထုနေပေမယ့် ဆာကူရာသွားမဖွင့်ပေး။
ဖုန်းပဲဆက်သုံးနေလိုက်သည်။အမှန်ကကြောက်နေမိသည်ပင်။
သူ့စိတ်ထဲမှာ လူမဟုတ်ပဲ တခြားတစ်ခုခုဖြစ်နေမှာကို စိုးရိမ်နေသည်။တံခါးအပေါက်ကလေးက နေချောင်းကြည့်ပြန်ရင်လည်း အပြင်ကနေပြုံးပြရင်ဒုက္ခ။ထို့ကြောင့်တံခါးသံကိုလျစ်လျူရှု့ ထားလိုက်သည်။
ခဏကြာတော့တံခါးခေါက်သံတိတ်ပြီး ငြိမ်ကျသွားတာကို သူသတိပြုမိလိုက်သည်။

"ပြန်သွားပြီလားမသိဘူး…"

ဆာကူရာအခန်းရှေ့သွားပြီး တံခါးအပေါက်လေးကနေလှမ်း
ချောင်းကြည့်လိုက်တယ်။မြင်လိုက်တဲ့မြင်ကွင့်ကြောင့် မျက်လုံးကလေးများ ပြူးကျယ်သွားလေပြီး…

"ရှင်း…"

လက်ထဲကဖုန်းကိုပစ်ချ၍ တံခါးကိုအမြန်ဆွဲဖွင့်လိုက်သည်။
အခန်းရှေ့တွင် မူးလဲနေသော ရှင်းသန့်အား အမြန်ပြေးကြည့်လိုက်၏။သူ့ဘေးနားမှာလည်း အဝတ်အိတ်တစ်လုံးကိုချထားပြီး အဝတ်တချို့တောင် အပြင်ထွက်နေကြလေသည်။

ယခုအချိန် သူ့အနားမှာ အရက်စော်တွေကော ဆေးလိပ်စော်တွေကော မွှန်ထူနေ၏။ဘယ်လောက်တောင် ပြင်းလဲဆိုရင်တော့ ဟိုတယ်စင်္ကြံတစ်လျှောက် သူ့ဆီမှလာတဲ့အနံတွေက ပြည့်လျှံလို့နေသည်။

"ဆာကူရာ…မင်း သူငယ်ချင်းဆီက သစ္စာဖောက်တာခံရဖူးလား"

"ရှင်း…ဘယ်လိုဖြစ်လာတာလဲ။လာ…အထဲခဏဝင် ဒီမှာလူတွေထွက်ကြည့်ကုန်မယ်။"

Ice Prince (Uni+ZG)Where stories live. Discover now