(Zawgyi)
ကိုခန့်တစ်ညလုံး ရှင်းသန့်အကြောင်း စဉ်းစားနေမိ၍ အိပ်မပျော်။
တစ်ခါတစ်ခါ ရင်ခုန်လာသောကြောင့် ရင်ဘတ်ပါပေါက်ထွက်မတက်။ဲသူ့အသံလေးကို ပြန်ကြားယောင်မိလာသည်နှင့် ရှက်၍ လက်ဖျားကလေးများပင် အေးစက်လာလေသည်။"ဟာကွာ...ရှင်းသန့်ရာ...မင်းကြောင့်ငါအိပ်မပျော်တော့ဘူး တော်တော်ဒုက္ခပေးတဲ့ကောင်..."
ကိုခန့်စိတ်ပျက်လက်ပျက်ဖြင့်နာရီကိုလှမ်းကြည့်လိုက်သည်။
"4နာရီ"
ကိုခန့်အံ့သြသွားသောအသံဖြင့်ထအော်လိုက်မိသည်။
မနက်လေးနာရီဆိုသည့်အချိန်သည် သူမအိပ်ပဲမနေဖူးသည့် အချိန်ကာလတစ်ခုပင်။"မင်းကတော့အားရပါးရ...အိပ်ပျော်နေမှာမြင်ယောင်သေး ငါကသာရင်တွေခုန်ပြီးအိပ်မရတာ…"
ကိုခန့် ဘယ်လိုလုပ်လုပ်အိပ်မပျော်သည့်အဆုံး စာအုပ်တစ်အုပ်ကိုဖွင့်၍ ထိုင်ဖတ်နေလိုက်သည်။
သို့သော်လည်း စာအုပ်ထဲတွင် စိတ်မရောက်နိုင်…ဖြစ်နိုင်လျှင် မိမိကိုယ်ကို ဆွဲဖြဲသတ်ပစ်လိုက်ချင်မိသည်။"ရှင်းသန့်ဂြိုလ်ကောင် မင်းကွာ"
အချိန်တွေတဖြည်းဖြည်း ကုန်ဆုံးကာ 5နာရီခွဲ6နာရီကာလသို့ ရောက်လာခဲ့သည်။ကိုခန့် ထိုအချိန်တွင် ကျောင်းသွားဖို့ ပြင်ဆင်ပြီးနေပြီဖြစ်သည်။ထိုအချိန်ထိလည်း တစ်ရေးမှမအိပ်ရသေးပေ။
"ကလင်...ကလင်"
အိမ်ရှေ့မှ ကျယ်လောင်စွာထွက်ပေါ်လာသော စက်ဘီးဘဲလ်သံလေးက ကိုခန့်မျက်နှာလေးကို ရုတ်တရက် လင်းလက်သွားစေသည်။မုန့်ဆာနေသောကလေး မုန့်စားလိုက်ရသလို… ကန္တာရခရီးသည်တစ်ဦး ရေအိုင်တစ်အိုင်တွေ့လိုက်ရသလို လိုချင်တောင့်တမှု့များ ပြည့်ဝသွားသည့်ခံစားချက်က ရင်ထဲတွင်အေးခနဲဖြစ်သွားစေသည်။
"အန်တီ…ပိုင်လေးနိုးပြီလား"
"ဘယ်သူ့ကိုပြောတာလဲသား…"
"ခန့်မှူးပိုင်လေ...သားရဲ့ပိုင်လေး"
"အေး နိုးနေပြီသားရဲ့သူငယ်ချင်းတွေလားသားနဲ့"
YOU ARE READING
Ice Prince (Uni+ZG)
Romanceမင်းသာငါ့နှလုံးသားနန်းတော်ရဲ့ဘုရင်တစ်ပါးပါပဲ...ပိုင်လေး ရှင်းသန့်ဆိုတဲ့လူရဲ့ဘဝမှာမင်းတစ်ယောက်ထဲရှိတယ်...... 09/08/2017~5/7/2018 (Edited-15/10/2018~6/11/2018)