Part-45

7.9K 736 92
                                    

(Zawgyi)

ချလင် ချလင် ချလင်…လေပြေလေညှင်းလေးများ ဖြေးညင်းစွာတိုက်ခတ်မှု့ကြောင့် အိမ်ရှေ့တွင်ချိတ်ဆွဲထားသည့် ခြူကလေးများ၏ရိုက်ခတ်သံက ကျေးငှက်တေးဆိုသံနှင့်အတူ ထွက်ပေါ်လာလေသည်။

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တစ်ခု ထိုနေရာသည် စိုတိစိုထိုင်းလည်းဖြစ်လှသည်။ဖားအော်သံတဂွမ်ဂွမ်ကလဲ မြည်နေကြလျက် ခြောက်ခြားစရာကောင်းလွန်းသည့်အနေအထားပင် မဟုတ်ပါလား။

"သား…"

ထိုအသံများကြားထဲရုတ်တရက်ထွက်ပေါ်လာသည့်အသံ…တိုးသည်ထက်ကိုပို၍တိုးနေလေသည်။ခန့်မှူးပိုင်တစ်ယောက် ထိုအသံကြောင့်မျက်လုံးများလှုပ်ရင်းလှုပ်ရင်းနှင့် ဖြည်းဖြည်းချင်း မျက်လုံးများစုံပွင့်လာကြလေသည်။

သို့သော်…သူဘာမှမမြင်ရ…

ပတ်ဝန်းကျင်အားလုံးအမှောင်အတိဖုံးလွှမ်းနေ၏။

"သား………!"

နောက်ထပ်ခေါ်သံတစ်သံ…
ခုဏကအသံနှင့်တစ်ထေရာထဲပင်။
မိန်းမငယ်တစ်ယောက်၏နွေးထွေးစွာခေါ်သောအသံ…
သေချာပါသည်။ထိုအသံ၏လားရာကသူ့ကိုပဲမူတည်နေမည်ဆိုတာ။

"သား……"

နောက်ဆုံးတစ်ချက် ပသံစူးစူးဝါးဝါးအော်လာပြီးနောက် ထိုအမှောင်ထုကြီးကို အလင်းကတဖြေးဖြေးဝါးမြိုလိုက်ပြီဖြစ်သည်။

"သား…"

နောက်ဆုံးတွင် မျက်လုံးများဖြေးဖြေးချင်းပွင့်လာပြီး ကိုခန့်၏အရှေ့တွင်အမျိုးသမီးတစ်ယောက်ကိုမြင်နေရပြီဖြစ်သည်။

သူမတွင် လှပစွာအပြာရောင်လဲ့၍ဝိုင်းစက်နေသော မျက်လုံးတစ်စုံရှိသည်။ကြွေသားနှင့်ထုဆစ်ထားသကဲ့သို့ ဝင်းပနေသောအသားအရည်။ပုတုံးရောင်နက်မှောင်၍ စပါးပင်များလေထဲဝဲနေသကဲ့သို့ဖြောင့်စင်းနေသော ဆံကေသာ။အလှတရားဟူ၍ အားလုံးပိုင်ဆိုင်ထားသည့် အရမ်းကိုပင်လှပသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။လက်မောင်းပေါ်တွင်လည်း ကိုခန့်ကဲ့သို့
နှင်းပွင့်ပုံစံအပြာရောင် ကနုတ်ကလေးကနေရာယူထားလေ၏။နတ်သမီးတစ်ယောက် ကိုယ်ထင်ပြသည်ကိုမြင်နေရသည့်အလား ကိုခန့်မျက်လုံးလေးများက ကြောင်တောင်ကြည့်နေမိသည်။

Ice Prince (Uni+ZG)Where stories live. Discover now