Extra part (1)

6.2K 357 20
                                    

(Zawgyi)

ဆောင်းဖြူးသော ဒီဇင်ဘာလ၏ မနက်ခင်းလေးတစ်ခုတွင် သစ်ပင်ပန်းပင်ပန်များ၏ အလှမှာ မြူမှုန်များနှင့်အတူ စိမ်းစိုစို ဖြင့် လေအေးလေး ခေါ်ဆောင်ရာသို့ လွင့်ပါနေကြသည်။သို့သော် ထိုသစ်ပင်ပန်းမန်များ၏ အလှဂုဏ်ရည်တို့ကား ပြတင်းအဝတွင် ငေးမောနေသော ရေခဲမင်းသားလေးနှင့်ယှဉ်လျှင် ပိုးစုန်းကြူးနှင့် လမင်းသကဲ့သို့ မှေးမှိန်သွားကြရပေ၏။

ထိုခန့်မှူးပိုင်ခေါ် ရေခဲမင်းသားလေး၏ လက်ထဲတွင် အငွေ့မြူသောကော်ဖီပူ တစ်ခွက်ကိုကိုင်ထားရင်း အအေးဒဏ်ကို အံတုနိုင်ဖို့အလို့ငှာ ဆွယ်တာ အဖြူရောင်အရှည်လေးနှင့် စတိုင်ပန့် ခဲရောင်လေးကို ဝတ်ဆင်ထား၏။

နက်မှောင်သော ဆံကေသာအောက်မှ ပါးလွှာဝိုင်းစက်သော မျက်မှန်ဖြင့်ကာ ထားသော အရောင်လဲ့သည့် မျက်လုံးလှလှအစုံမှာ မြင်ရသူအဖို့ နှစ်လိုဖွယ်ကောင်း၏။ပါးပေါ်သို့ လေပြေလေး တစ်ချက်ပင့်တက်သွားခိုက် သူ့မျက်နှာပေါ် ထင်းသွားသည့် အပြုံးပန်းလေးတစ်ပွင့်သည် ဆောင်းရာသီအလှအား ကွန့်တင်ပေးလိုက်သည့်သဖွယ်။

"ပိုင်လေး..."

အနောက်မှ အိပ်ချင်မူးတူးခေါ်သံကြောင့် နေရောင်ဖြန်းသော အိပ်ယာဘက်သို့ လှည့်ကြည့်လိုက်လေသည်။အိပ်ယာပေါ်တွင် အပေါ်အဝတ်မပါပဲ စောင်ကိုခါးထိခြုံထားသော ရှင်းသန့်။ခေါင်းအုံးတစ်ခုလုံးကို ရင်ခွင်ထဲထည့်လျက် မှောက်အိပ်နေလေသည်။အချိန်တွေကြာလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်မှာ ဖွံ့ဖြိုးလာပြီး ကြွက်သားအစိုင်အခဲ များကလည်း ပိုမိုကျစ်လျစ်လျက်ရှိ၏။ထောင့်ကျသော မေးရိုး ပါးလွှာ၍ အညိုရောင်သမ်းသော နှုတ်ခမ်း ရှည်လျားသွယ်လျသော မျက်လုံး။ချောမောခန့်ညားသော ယောင်္ကျားအင်္ဂါရပ် တော်တော်များများ ရှင်းသန့်တွင် ရှိနေလေပြီဖြစ်၏။ထိုအကြောင်းတွေးနေသည့် အချိန်မှာလည်း ကိုခန့်လေး ကိုယ်တိုင် အသက် ၂၀ အရွယ်သို့ရောက်နှင့်နေပြီဖြစ်သည်။

"Good Morning!"

ရှင်းသန့်ပြုံးသည်။တည်ကြည်လှပသော သူ့အပြုံးမှာ ပြောင်းလဲသွားခြင်း တစ်စက်မျှမရှိပေ။

Ice Prince (Uni+ZG)Where stories live. Discover now