Part-23

15.4K 1.3K 119
                                    

(Zawgyi)

တဖြူးဖြူးတိုက်ခတ်လာသည့် မနက်ခင်းလေပြေလေးများက ပြတင်းပေါက်ဘောင်လေးများနှင့်လိုက်ကာအပါးလေးများကြားတိုးဝှေ့ကာတိုက်ခတ် ရှင်းသန့်တို့ အခန်းထဲသို့ဝင်ရောက်လာကြလေသည်။

လေပြေလေးများကြောင့် ပြတင်းပေါက်ရှေ့မှလိုက်ကာလေးရွေ့လျားသွားသည်နှင့်တစ်ပြိုင်နက် တောက်ပသောနေရောင်ခြည်တန်းများက စူးရှစွာ ရှင်းသန့်၏မျက်နှာပေါ်သို့ ဝေဖျာကျဆင်းလာကြလေသည်။

ထိုစူးရှသောနေရောင်စဉ်တန်းကြောင့် ရှင်းသန့်၏မျက်လုံးအစုံတို့ ဖြည်းဖြည်းချင်းပွင့်လာပြီး ကိုခန့်ဘေးနားတွင်အိပ်နေမည်အထင်ဖြင့် လက်ဖြင့်လှမ်းစမ်း၍ ကြည့်လိုက်လေသည်။သို့သော်ကိုခန့်မှာအိပ်ရာပေါ်ရှိမနေပါ။
အိပ်ရာဘေးနားမှ စာကြည့်စားပွဲခုံပေါ်တွင် ဘေးစောင်းလေးထိုင်နေလျက် ရှိနေလေသည်။

တောက်ပသောမျက်လုံးလေးများဖြင့် ခဏခဏလှည့်ကာ အိပ်နေသည်ထင်သော သူ့ကိုခိုးခိုးကြည့်နေလေ၏။

ထိုအဖြစ်အပျက်ကိုအိပ်ချင်ယောင်ကာ ချောင်းကြည့်နေရင်း ချစ်စဖွယ်မျက်နှာဖြင့်ကြည့်နေသော ကိုခန့်အားအသည်းထဲမှ ကလိကလိဖြစ်လို့နေသည်။
ရယ်ချင်နေသည့်စိတ်ကိုလည်း သေမတတ်ထိန်းထားနေရသည်။
စချင်စိတ်ပေါက်လာသောကြောင့် လက်ကလေးအားအနည်းငယ်လှုပ်ပြလိုက်တော့ ချက်ချင်းပင်မျက်နှာအမူအရာပြောင်းသွားကာ မျက်နှာနေရာလွှဲသွားလေသည်။

ပြီးတော့မှ မျက်နှာလေးကို ပုခုံးအနောက်မှဖြည်းဖြည်းချင်းဝိုက်၍ လှည့်လာကာ လုံးဝန်းသောမျက်လုံးလေးများဖြင့် သူများနိုးလာပြီလား ဟူသောအကြည့်လေးဖြင့် ထပ်ကြည့်လေသည်။
ရယ်ချင်စိတ်များကိုမထိန်းနိုင်တော့သည့်အဆုံး မျက်လုံးအစုံကိုပြိုင်တူဖွင့်ချပြီး ရယ်လိုက်လေသည်။

ထိုအခါ ကိုခန့်လန့်သွားပြီး ချက်ချင်းတခြားတစ်ဖက်သို့မျက်နှာလွှဲကာ ဘေးမှစာအုပ်ကိုဆွဲဖွင့်ပြီး မျက်နှာရှေ့အပ်ထားလိုက်လေသည်။

"နိုးနေတာကြာပြီလား"

ကိုခန့်စာအုပ်ကိုပင်ကိုင်ထားလျက်...

Ice Prince (Uni+ZG)Where stories live. Discover now