(Zawgyi)
"ကိုခန့်ရေ...ကိုခန့်"
စိမ်းလန်းစိုပြေနေသော ခြံဝင်းကြီးမှာ အင်ကြင်း၏ စူးရှလှသော အသံကြောင့် တိတ်ဆိတ်ငြိမ်သက်နေရာမှ ပဲ့တင်သံထပ်သွားလေသည်။
အင်ကြင်မိုးသည် ယခင်ကဲ့သို့ ပုပုတုတုပါးဖောင်းဖောင်း လူကောင်ကောင်သေးသေးနှင့် ဆံပင်လေးစည်းထားသော
ကလေးမလေးတစ်ယောက် မဟုတ်တော့ပေ။
နက်မှောင်ဖြောင့်စင်းနေသော ဆံကေသာမှာ ခါးထိရှည်နေပြီး ဖြူဖြူနုနု ၉ တန်းကျောင်းသူမလေးတစ်ယောက် အဖြစ်ပင်ကြီးပြင်းလာလေပြီဖြစ်သည်။တော်ရုံယောင်္ကျားလေးများဆို စကားမပြောတတ်ပဲ
လာပြောသမျှ ယောင်္ကျားလေးတိုင်းကိုလည်း စကားအကောင်း ပြန်မပြောတတ်သော အချေမလေးတစ်ယောက်လည်းဖြစ်သည်။သူ့တွင် ယောင်္ကျားလေးသူငယ်ချင်းဟူ၍ ငယ်ငယ်မှယခုချိန်အထိ တစ်တန်းထဲ အတူတက်လာသော ခန့်မှူးပိုင် သာရှိသည်။
သူတို့အတူပေါင်းလာခဲ့သည် ၉ နှစ်ပင်ရှိလာသည့်တိုင် အချင်းချင်း ပွင့်ပွင့်လင်းလင်း နေတတ်လေသည်။"အန်တီချယ် ကိုခန့်ရှိလား"
"ကိုခန့်အခန်းထဲမှာ သမီး တက်သွားလိုက်"
"ဟုတ်အန်တီ"
အင်ကြင်းတစ်ယောက် လှေကားအတိုင်း ပြေးတက်သွားပြီး ကိုခန့်၏ အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။
"ကိုခန့်"
အခန်းထဲရှိ ပြတင်းပေါက်အရှေ့မှ စာကြည့်စားပွဲတွင် ထိုင်နေသောကိုခန့် ၏ကျောပြင်အား အရင်ဆုံးတွေ့လိုက်ရသည်။အင်ကြင်း၏ခေါ်သံကြောင့် မျက်မှောင်ကုပ်ပြီး သူ့အားလှည့်ကြည့်လိုက်လေသည်။
မျက်မှန်အဝိုင်းလေး အောက်က လုံးဝန်း၍အနက်ရောင်လဲ့နေသော မျက်လုံးလေးများ နှင့် နက်မှောင်ဖြောင့်စင်းနေသော ဆံသားတို့က တစ်သားတည်းကျနေလေသည်။ပါးလွှာနေသော နှုတ်ခမ်းဖူးဖူးလေးနှင့် ဖြူဖွေးကြည်လင်သော အသားအရည် မှာလည်း မိန်းကလေးများ အားကျရသည်အထိပင်။သာမန်ယောင်္ကျားလေးများထက် ရှည်သော အရပ်ကိုပိုင်ဆိုင်ထားပြီး အေးဆေးတည်ငြိမ်မှု့က သူ့ရဲ့ ပင်ကိုယ်စတိုင်လ်ဖြစ်သည်။ကျောင်းတွင်လည်း အင်ကြင်းမှလွဲ၍ သူ့ကိုမကြိုက်သောမိန်းကလေး ဟူ၍မရှိ စာတော်စော်ကြည်သော ကောင်လေးတစ်ယောက်လည်းဖြစ်သည်။
YOU ARE READING
Ice Prince (Uni+ZG)
Romanceမင်းသာငါ့နှလုံးသားနန်းတော်ရဲ့ဘုရင်တစ်ပါးပါပဲ...ပိုင်လေး ရှင်းသန့်ဆိုတဲ့လူရဲ့ဘဝမှာမင်းတစ်ယောက်ထဲရှိတယ်...... 09/08/2017~5/7/2018 (Edited-15/10/2018~6/11/2018)