Part-39

10.3K 902 84
                                    

(Zawgyi)

နက်ပြာရောင်ကောင်းကင်ပေါ်မှ တလဲ့လဲ့တောက်ပနေသော ကြယ်ကလေးများကြား ပြည့်စက်လုံးဝန်းနေသောလမင်းကြီး၏ ဖျော့တော့တော့အလင်းရောင်က ကမ္ဘာပေါ်ရှိလူသားတိုင်းနှင့် သက်ရှိသက်မဲ့အရာအားလုံးအပေါ်ဖုံးလွှမ်းနေချိန်…။
်ညဥ့်နက်သည့်အချိန်တွင်အရာအားလုံးမှာ ငြိမ်သက်နေကြလျက် ဘေးဘီပတ်ဝန်းကျင်တွင် အနက်ရောင်ခွေး တို့၏ဟောင်သံဆူဆူညံညံများမှလွဲ၍ အခြားမည်သည့်အရာမျှမရှိ အလျဉ်းကွယ်ပျောက်နေကြလေသည်။

ထိုစဉ်လေများပင့်လျက်တိုက်ခတ်နေကြသော မှောင်မဲနေသည့်လယ်ကွင်းပြင်ကြီး၏ဘေးနား၌ ဆီမီးအလင်းရောင်ဖြင့်တည်တံ့နေသည့်တဲအိမ်လေးတစ်အိမ်…။လျော့တိလျော့တဲဖြစ်လျက် လေတိုက်လျှင်ပင် ဘေးနားမှအကာအရံများဖြစ်သော ဓနိနှင့်ထန်းလက်အပါအဝင် နှီးများက တလှုပ်လှုပ်လိုက်ပါနေကြပြီး လေလားရာဘက်သို့လွင့်စင်သွားကြတော့မည့်အလား။

မီးစာကုန်ခါနီးမီးအိမ်လေး၏ ဘေးနားတွင်လည်းပိုးဖလံတို့က မီးအိမ်၏ဖန်သားဖြင့် ခဏခဏဝင်တိုက်နေကြရမှထွက်ပေါ်လာသော အသံများက တတောင်တောင် အသံများကို ကြည်လင်စွားနေရနိုင်သည်။

ခဏအကြာတွင် ထိုတဲအိမ်လေးထဲမှ ကလေးငယ်တစ်ယောက်၏ ငိုသံစူးစူးဝါးဝါးထွက်ပေါ်လာပြီး ထိုအသံနှင့်အတူမိန်းမတစ်ယောက်၏ စူးစူးရှရှအော်ရယ်သံကပါသံပြိုင်ပေါ်ထွက်လေသည်။စုန်းကဝေများကားထဲမှမိန်းမကြီးတစ်ယောက်၏အသံနှင့် ထိုမိန်းမ၏စူးစူးရှရှအော်ရယ်သံတို့ကခြားနားခြင်းဟူသည်မရှိ။

ထိုအသံများနှင့်အတူ မဲနက်နေသော မိုးကောင်းကင်ကြီးမှာလည်း ရုတ်တရက် ရဲရဲတောက်အနီရောင်အဖြစ်သို့ပြောင်းလဲသွားပြီး တဖြေးဖြေးအနီရောင်မိုးစက်များကပါ ဝုန်းဒိုင်းကျဲရွာသွန်းလာကြလေတယ်။

ပတ်ဝန်းကျင်တွင်လည်း ကလေးငယ်၏စူးဝါးသောငိုသံကကျယ်လောင်လာလိုက် မိန်းမကြီး၏ရယ်သံကျယ်ကျယ်တို့ကပြန်လည်ကျယ်လာလိုက်
မိုးချုန်းသံတို့ကမြည်ဟီးသွားလျက်နှင့် အသံများတစ်လှည့်စီဖြစ်ပေါ်နေကြသည်။မြင်ကွင်းများကလည်း တဖြည်းဖြည်း အနီရောင်မှတစ်ဆင့်အပြာရင့်ရောင် အစိမ်းရောင်ပြောင်းကာ နောက်ဆုံးထိုအရောင်များ
တစ်ရောင်ပြီးတစ်ရောင် သံများနှင့်ရော၍ အတူလိုက်ပါတုန်ခါနေကြသည်။

Ice Prince (Uni+ZG)Where stories live. Discover now