Part-17

15.2K 1.1K 90
                                    

(Zawgyi)

မနက်ခင်းနေမင်းကြီး၏ဘေးပတ်ပတ်လည်တွင် တိမ်များကဝန်းရံလို့နေသည်။လေပြေလေညှင်းလေးများကလည်း မိုးအကုန်ဆောင်းအကူးဖြစ်သောကြောင့် အေးမြနေပြီး
လမ်းမပေါ်တွင်မြူဆိုင်းလို့နေသည်။
ရှင်းသန့်တစ်ယောက်လည်သာအင်္ကျီအရှည်ကိုဝတ်ကာ ခရီးသွားအိတ်တစ်လုံးဘေးချ၍ အိမ်ရှေ့တွင်မတ်တပ်ရပ် စောင့်နေလေသည်။လက်နှစ်ဖက်ကိုအာငွေ့ဖြင့်မှုတ်နေရသည်အထိချမ်းဆိမ့်ဆိမ့်ဖြစ်လွန်းလှသော ဆောင်းအစမနက်ခင်းတစ်ခုပင် ဖြစ်လေသည်။

ရှင်းသန့်တိမ်အပြည့်လွှမ်းနေသော မီးခိုးရောင်ကောင်းကင်ပြာကြီးအား မော့ကြည့်လိုက်သည်။

"ပိုင်လေးငါ့ကိုခွင့်လွှတ်ပါကွာ…ခဏပါပဲ…ငါပြန်လာမှာပါ…ကတိပေးတယ်"

"ရှင်းသန့်…"

နောက်ကျောဘက်မှလာသည့် ဝမ်းနည်းအက်ကွဲနေသောအသံလေးကြောင့် ရှင်းသန့်အနောက်သို့လှည့်ကြည့်လိုက်သည်။
ရုတ်တရက်သလိုပင်သူ့ရင်ခွင်ထဲသို့ အင်ကြင်းပြေးဝင်ဖက်တွယ်ထားလိုက်သည်။

"အဟင့်…ရှင်းသန့် နင်မသွားပါနဲ့လားဟာ…မသွားပါနဲ့…အဟင့် …ငါတောင်းပန်ပါတယ်"

"အင်ကြင်းရယ် ငါရောသွားချင်တယ်လို့နင်ထင်လား
မဖြစ်မနေကိစ္စမို့လို့ပါဟာ…"

ရှင်းသန့်ရင်ခွင်ထဲ၌ရှိုက်ကြီးတငင်ငိုနေသောအင်ကြင်းအား
ပြန်၍ထွေးပွေ့ထားလိုက်သည်။

"နင်ဟာ…အင်ကြင်းမဟုတ်သလိုပဲ။ ငါမြင်နေကျအင်ကြင်းက ဒီလိုမပျော့ညံ့ဘူးလေ…"

"ငါမခံစားနိုင်ဘူးဟာ…"

"ငါခဏပဲသွားမှာပါအင်ကြင်း ပြန်လာခဲ့မှာပါ နင်အဲ့လိုဖြစ်မနေရဘူးလေ ကလေးလည်းမဟုတ်တော့ဘူး…"

ရှင်းသန့်ရင်ဘတ်ထဲသို့အပ်ထားသောအင်ကြင်း၏ပါးပြင်
လေးကိုကိုင်ကာအပေါ်မတင်လိုက်သည်။ထို့နောက်အင်ကြင်း၏ ပါးပြင်လေးပေါ်မှမျက်ရည်လေးများကို ဖွဖွလေးသုတ်ပေးလိုက်သည်။

"ဟင် ရှင်းသန့်နင်ငိုနေတယ်…"

ရှင်းသန့်ပါးပေါ်တွင်လည်း မျက်ရည်စများကိုတွေ့ရသောကြောင့် အင်ကြင်းပို၍စိတ်မကောင်းဖြစ်သွားရသည်။

Ice Prince (Uni+ZG)Where stories live. Discover now