Part-50

8.7K 738 139
                                    

(Zawgyi)

ကမ္ဘာပေါ်မှာတည်ရှိတဲ့ အရာရာတိုင်း ဖြစ်ပြီးပျက်ကြတာတွေပဲလို့ လူတွေပြောကြတယ်။ဖြစ်တည်မှု့...ဟုတ်ပြီ ဒါဆိုရင် အဲ့ဒီဖြစ်တည်မှု့ရဲ့အစကဘာာလဲ။ဖြစ်တည်မှု့ဆိုတာမရှိခင် ဘာရှိခဲ့တာလဲ…

ကိုခန့် စာအုပ်တစ်အုပ်ထဲက Quote လေးကိုဖတ်ကြည့်ရင်း
စဉ်းစားနေမိတယ်။စာအုပ်ထဲက စာသားအကြောင်းကို မဟုတ်။

'ဒါဘယ်သူလဲ…အင်ကြင်း'

သူ့နားထဲထိုအသံကို ထပ်ခါထပ်ခါပြန်ကြားနေရသည်။စာအုပ်စဖတ်သည့်အချိန်မှစ၍ ထိုအသံကိုကြားယောင်နေခဲ့သည်မှာ ယခုစာအုပ်ပင်ပြီးသွားခဲပြီ။အသံကတော့ မပျောက်သွားခဲ့။ထိုအသံပြန်ကြားယောင်တိုင်း နားထဲသံရည်ပူလောင်းသလိုခံစားရသည်။ရင်ဘတ်ကို ကျင်စက်နှင့် ရက်စက်စွာ ခဏခဏ တို့နေသလို ခံစားမှု့ကသေလောက်သည်။

မမြင်မတွေ့ရလို့ သတိရတာမှ တော်ကာကျသေး။မြင်နေတွေ့နေရပြီး သတိရနေသည်ဆိုတာကတော့မဖြစ်။ကိုယ့်ချစ်သူကို တွေ့နေပါလျက်နှင့် မသိချင်ယောင်ဆောင် နေရမည်တဲ့လား။ချစ်ပါလျက်နဲ့ မသိချင်ယောင်ဆောင်နေရ မည်တဲ့လား။ဘယ်လိုမှမဖြစ်နိုင်ပေ။ချစ်သူ၏ ဥပေက္ခာပြုခြင်းကိုခံစားရခြင်းသည် ရေထဲမှငါး ရေပေါ်ရောက်သည့်နှယ် ခံစားမှု့သဏ္ဍာန်တူ၏။

တစ်ခုချင်းစီအကုန်ရှင်းပြရင်း ပြန်သတိရလာအောင်လုပ်ဖို့ကလည်း မြန်မာကားတွေထဲကလို လွယ်လွယ်နဲ့မှတ်မိမယ်မထင်။

တွေးရင်း ဖတ်နေလက်စစာအုပ်ပေါ်က စာမျက်နှာတစ်ရွက်ကို လက်နဲ့ဖိ၍ဆုပ်ဖြဲပစ်လိုက်သည်။ဒါဟာ သူ့ဘဝမှာ ပထမဆုံး စာရွက်တစ်ရွက်ကိုဆုပ်ဖြဲဖူးခြင်းဖြစ်၏။သူဘယ်လောက်စိတ်ညစ်
နေပါစေ စာအုပ်တစ်အုပ်ထိုင်ဖတ်ရုံနဲ့ ပြေဖို့လုံလောက်သည်။ဒါပေမယ့်အခုလို ပူပင်သောကကိုတော့ မဖျောက်ပစ်နိုင်ခဲ့ပါ။

"ကိုခန့်…"

အင်ကြင်း သူ့ကျောပြင်ပေါ်သို့ လက်လှမ်းတင်၍ ခေါ်လိုက်ခြင်း ဖြစ်သည်။

"အင်း…"

ကိုခန့်အရင်ကလိုပဲ ဖြေတစ်လုံးသာပြန်ပေး၏။သို့သော်ဒီတစ်ခါသူ့အသံများထဲ အက်ကွဲသံအချို့ပါနေသည်။

Ice Prince (Uni+ZG)Where stories live. Discover now