Part-32

13.3K 1K 124
                                    

(Zawgyi)

ဆောင်းတွင်းကာလ မနက်ခင်းလမ်းပေါ်တွင် မြူခိုးမြူငွေ့လေးများနှင့် နှင်းမှုန်များဝေဆာနေချိန်ဖြစ်သည်။သစ်ပင်များနှင့်လမ်းဘေးမြက်ခင်းလေးများပေါ်၌လည်း နှင်းရေစက်လေးများကဖက်တွယ်နေကြပြီး 'ဆောင်းစက်ရိပ်ခို' ဟူသောအဖွဲ့အနွဲ့လေးအား အထူးပြုဖော်ကျူးပြနေသည့်အသွင်။

လမ်းပေါ်မှအဖြူအစိမ်းဝမ်းဆက်လေးများ ကိုယ်စီဝတ်ဆင်ထားကြသော ကျောင်းသားကျောင်းသူများကလည်း စက်ဘီးကိုယ်စီဖြင့် တစ်ချို့ကသူငယ်ချင်းနှစ်ယောက်တူတူစီး
တစ်ချို့ကတော့တစ်ယောက်တစ်စီးစီဖြင့် စကားပြော ရယ်ကြမောကြစကြနောက်ကြရင်း စာသင်သားများခိုလှုံရာ ကျောင်းတော်ကြီးဆီသို့လှမ်းလာနေကြချိန်လည်းဖြစ်သည်။

ကိုသက်တစ်ယောက်အိပ်ယာနိုးပြီးမျက်နှာသစ်ကာ ဆောင်းနံနက်ခင်း၏အလှအား ပြတင်းပေါက်လေးရှေ့တွင် ထိုင်လျက်ခံစားနေမိသည်။လျက်တပြတ်တိုက်ခတ်လာသော နှင်းမှုန်ရောသည့်လေပြေလေးများမျက်နှာပြင်ပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားသည့်ခံစားမှု့လေးက တစ်ကိုယ်လုံးမှနာကျင်ကိုက်ခဲမှု့များကို ပယ်ပျောက်သွားစေသည်။

အဖြူအစိမ်းနှင့်ကျောင်းသားလေးများအားတွေ့နေရခြင်းကလည်း ကျောင်းဘဝကအတွေးပုံရိပ်လေးများကို ပြန်လည်မြင်ယောင်ချင်မိစေသည်။ကိုသက်ထိုအဖြူအစိမ်းကျောင်းသားဘဝလေးကိုနှစ်သက်မိသည်။
သို့သော် ငယ်ငယ်ကပင်အိမ်၌ ကိုယ်ပိုင်ဆရာများဖြင့်သင်ခဲ့ရသဖြင့် အဖြူအစိမ်းဘဝလေးကိုဖြတ်သန်းခွင့်မရခဲ့သောကြောင့် စိတ်ကူးယဉ်စရာမရှိပေ။ထိုအရာနှင့်ပက်သက်၍လည်း အရာအားလုံးအတိတ်တွင်ကျန်လေခဲ့သောကြောင့် ယူကြုံးမရဖြစ်နေရုံကလွဲ၍မတတ်နိုင်။

ကျောင်းနေဘက်ငယ်သူငယ်ချင်းဟူ၍လည်း တစ်ယောက်မျှပင်မရှိခဲ့
ယခုအရွယ်ထိသူစကားအရောတဝင်ပြောခဲ့ဖူးသူများက လုပ်ငန်းရှင်များဖြစ်သည့် အသက်ထက်ဝက်လောက်ကွာသောလူကြီးများပင်။အနေကြာလာသည်နှင့်အမျှ လူကအကျင့်ပါလာပြီး လူမှု့ရေးတွင်သိပ်စိတ်မပါတော့ပဲ အလုပ်နှင့်အလုပ် ပြီးလျှင်လည်းအလုပ်သာသူ့ခေါင်းထဲရှိလေတော့သည်။

Ice Prince (Uni+ZG)Where stories live. Discover now