Part-54

9.7K 788 127
                                    

(Zawgyi)

မွန်းကြပ်တယ်
အသက်ရှူတွေမဝလောက်အောင်....
ရင်တစ်ခုလုံးဆွဲဆုတ်ချင်လောက်အောင်...
ငါနာကျင်နေရတယ်.....။

မခံစားနိုင်တော့လို့ ရင်ကိုခွဲကြည့်တဲ့အခါ
သိပ်ကိုဟာသမြောက်လွန်းနေပြန်တယ်.....
ငါ့ရင်ဟာ ဗလာဟင်းလင်းပြင်သက်သက်ကြီး...။

ငါ့ကိုအသက်ဆက်ရှင်စေမဲ့
ငါ့ကိုတွန်းအားတွေပေးနိုင်မဲ့
နှလုံးသားဟာ လစ်လပ်နေတယ်။

ဒါနဲ့များကွာ....
ဗလာရင်ခွင်က ဘာတွေလာပြီးနာကျင်နေစေတာလဲ....။

အား........
ရူးသွားလောက်စေတဲ့ ငါ့နားကတီးတိုးသံတွေ....
တစ်စုံတစ်ခုကို သတိပေးချင်နေတဲ့အသံတွေ
ငါဟာမပြည့်စုံကြောင်းပြောနေသံတွေ...
ငါဟာ နတ္ထိဖြစ်အောင် အော်ဟစ်နေသံတွေ........
တီးတိုး ဝိုးတဝါးအသံတွေ...................။

ငါဟာငါ့ဘဝမှာ ဘုရင်တစ်ပါး...
ငါဟာဘာကြောင့်နာကျင်နေရမှာလဲ...
ဘာလို့လိုအပ်မှုဆိုတာကိုခံစားနေရမှာလဲ...
ဘုရင်တစ်ပါးရဲ့စံနန်းမှာ ဘယ်အရာကမပြည့်စုံလို့
ငါကကြေကွဲနေရမှာလဲ....။

လိုအပ်မှုတဲ့....
အဟက်....
အသစ်အဆန်းတွေပါလား...။

ဟုတ်တယ်
ငါ့နှလုံးသားကို ပြန်လိုအပ်နေတာ...။
ငါ့ခံစားမှုတွေကိုပြန်အသက်သွင်းရမယ်။
ငါ့အသွေးအသက်၊ ငါ့ဘဝရဲ့ ရည်မှန်းချက်အားလုံးက
ကိုယ်တိုင်ဆက်သပေးလိုက်တဲ့
ငါ့နှလုံးသားရဲ့ပိုင်ရှင်နဲ့အတူ
မြေကမ္ဘာမှာ အလည်ခရီးသွားနေတာပဲ...။

ငါတစ်ခါလောက်တောင်းဆိုကြည့်ချင်တယ်....။
မင်းဆီမှာရှိနေတာ ငါ့နှလုံးသားဆိုတာကို
သတိတရလေးရှိပေးပါ.......။

ငါ့လောကမှာ ရှင်ဘုရင်ဖြစ်နေသော်လည်း
မင်းအတွက်တော့ကျေးကျွန်တစ်ယောက်ပါ။

ရွှေအဆင်းပြီးတဲ့နန်းတော်ဟာလည်း
မင်းသာမရှိရင် မှောင်မိုက်လို့...
မင်းမရှိတဲ့အနာဂါတ်ဆိုတာလည်း
ကံကြမ္မာမှတ်တမ်းမှာတောင်ပျောက်ဆုံးလို့....
အသက်ရှင်ရန်ခွန်အားဆိုတာလဲ
မင်းအပြုံးနဲ့အတူပျက်သုန်းလို့...

Ice Prince (Uni+ZG)Tempat cerita menjadi hidup. Temukan sekarang