Part-1

73.4K 3.1K 39
                                    

(Zawgyi)

ကြည်လင်နေသော အပြာရောင် ကောင်းကင်ကြီး၏ အောက်တွင် ရောင်စုံပန်းခင်းကြီးများနှင့် ကျေးငှက်တို့၏ တွန်ကျူးမြည်သံတို့က သာယာဝေဆာနေကြသည်။

လှပသောပန်းခင်းကြီးများ၏ နံဘေး အေးမြကြည်လင်သော ရေကန်ကြီးပေါ်မှ ဖြတ်၍တိုက်လာကြသော လေအေးများကလည်း ပန်းရနံ့များကို ယူဆောင်ကြလေသည်။ပြင်ဦးလွင်မြို့ခေါ် ပန်းမြို့တော်၏ ဂုဏ်ကျက်သရေ ဖြစ်သည့် ပန်းကလေးများ၏ အလှချင်းပြိုင်မည်သူနိုင် ဆိုသည့်ပွဲတော်ကို လာရောက်ကြည့်ရှု့အပန်းဖြေကြသူ အများအပြားပင်ရှိလေသည်။

ပန်းခြံအတွင်း လူများအားလုံးပျော်ရွှင်နေကြသော်လည်း
ရေကန်ဘေးနားရှိ သစ်ပင်ကြီးတစ်ပင်၏အောက်တွင်ရှိသော သစ်သားခုံတန်းလေးပေါ်တွင် အသက်၂၅အရွယ် လူတစ်ယောက်မှာ တခြားမိသားစုများအား ငေးမောကြည့်ရင်း သက်ပျင်းအထပ်ထပ်ချမိနေသည်။

ဦးမင်းခန့်...
အနက်ရောင် စတိုင်လ်ဘောင်းဘီနှင့် ခါးအာက်ပိုင်းထိရှည်သောဂျာကင်ခဲရောင်ကို
စတိုင်ကျကျ ဝတ်ဆင်ထားသည့် ထောင့်ကျသောမျက်နှာထား ထူထဲသောမျက်ခုံးများနှင့် သပ်ရပ်သောဆံပင်ပုံစံတို့ဖြင့် ကြည့်ကောင်းနေသော လူတစ်ယောက်ဖြစ်သည်။

ဦးမင်းခန့်သည် စကားပြန်တစ်ယောက်အဖြစ် လုပ်ကိုင်စားသောက်နေသူဖြစ်ပြီး ကြီးကြီးတက် မချမ်းသာပါသော်လည်း ချမ်းသာစွာ အိမ်ပိုင်ကားပိုင်နေနိုင်သည့် အဆင့်အတန်းမျိုးဖြစ်သည်။
သူ၏ တစ်ဦးတည်းသောဇနီးသည် ဒေါ်ချယ်ရီ မှာလည်း
အလှအပပစ္စည်းကုမ္ပဏီတစ်ခုတွင် မန်နေဂျာဖြစ်ကာ
မိမိအလုပ်ကိုယ်စီ ဖြင့်ပိုက်ဆံရှာနေကြသူများဖြစ်သည်။

သို့သော်သူတို့နှစ်ဦးတွင် ယခုအချိန်ထိ သားသမီးဟူ၍ အရာမျှပင်မထင်နိုင်သေး။နှစ်ဦးစလုံးမှာ သားသမီးလိုချင်ကြသော်လည်း ဒေါ်ချယ်ရီ့အခြေအနေကြောင့် သားသမီးမရနိုင်ပေ။အကြိမ်ကြိမ် ဆေးစစ်ကြည့်သော်လည်း ရလာဒ်က တစ်ကြိမ်မျှ ကံမကောင်းခဲ့ပဲ ဆေးစာအုပ်ကိုကြည့်ကာ ဖက်ငိုခဲ့ကြရသည့် နေ့များပင်ကြုံခဲ့ရသည်။

Ice Prince (Uni+ZG)Where stories live. Discover now