Part-46

7.5K 693 56
                                    

(Zawgyi)

ကြယ်အပြည့်နှင့် အမှောင်ရီသန်းနေသည့် ကောင်းကင်ကြီးအောက် မြက်ခင်းပြင်များကိုဖြတ်သန်း၍ အေးစက်သောလေစိမ်းများကလည်း တုန်လှုပ်ခြောက်ခြားဖွယ် တိုက်ခတ်နေကြသည်။

မီးထိန်ထိန်လင်းနေသော လမ်းဘေးဈေးဆိုင်များမှ လူအများ၏အသံမျိုးစုံတို့က စိတ်ပျက်စရာကောင်းလှပေသည်။
သန့်စင်အခြေအနေတွေကို ပြန်စဉ်းစားနေရင်း ကားမောင်းနေရင်း သက်ပျင်းတစ်ချက်ချလိုက်သည်။ထိုသက်ပျင်းက ကားပြတင်းပေါက်ဘေးမှတိုက်ခတ်လာသော လေများနှင့်အတူလွှင့်မြောသွားခဲ့ပေမယ့် စိတ်ထဲမှအကြောင်းအရာအစိုင်အခဲတို့ကတော့မလွင့်မြောသွားနိုင်။

ဆိုင်ထဲတွင်သာ ဈေးရောင်းသံ စားပွဲထိုးများအော်ဟစ်သံတို့က နေရာယူထားကြပြီး…လေတဖြူးဖြူးတိုက်နေသည့် အမှောင်အတိလမ်းကြီးပေါ်မှာတော့ အသံဟူ၍စိမ်းကားလှသည့် လေတိုက်သံသာတည်၏။

ထိုအချိန် ကားနောက်ခန်းထဲတွင် ဘေးစောင်းလေးအိပ်ပျော်နေသော ရှင်းသန့်မျက်နှာလေးကို အရှေ့မှန်မှတစ်ဆင့် သူလှမ်းကြည့်လိုက်လေသည်။3 နှစ်ဆိုတဲ့အချိန်သာကုန်သွားခဲ့သည်။
သူ့မျက်လုံးထဲ သူတွေ့ဖူးသည့်ရှင်းသန့်က ဘာမှပင်မပြောင်းလဲ။ အဓိကအားဖြင့်သူအိပ်နေသည့်အချိန်သူ့ပုံစံအနေအထား။အရပ်ရှည်လာတယ် ခန္ဓာကိုယ်တောင့်လာတယ် ဆိုတာကလွဲလျှင် ကျန်တာအကုန်လုံး မပြောင်းလဲသလောက်ပဲကျန်ရှိနေ၏။

သန့်စင်ကားအရှေ့မှာတင်ထားသည့်
Marlboro ဘူးထဲက ဆေးလိပ်တစ်လိပ်ထုတ်ပြီး မီးညှိရင်းအားရပါးရ တစ်ရှိုက်ရှိုက်လိုက်သည်။မျက်နှာအရှေ့ လွင့်စင်ထွက်သွားသည့်အငွေ့များက သူ့ခံစားချက်များကို ပါးစပ်မှတစ်ဆင့် အားရပါးရမှုတ်ထုတ်လိုက်သကဲ့သို့…အရာအားလုံး အငွေ့အဖြစ်နဲ့ထွက်သွားပြီး နောက်ဆုံးမှာ စိတ်ထဲခဏတာ ပျောက်ကွယ်သွားခဲ့ကြသည်။ဒီလိုသာခံစားချက်တွေကို အပြီးအပျောက်အလွယ်တကူ မှုတ်ထုတ်လို့ရမယ်ဆိုလျှင် တစ်ကမ္ဘာလုံးကလူတွေ အခုချိန်ဆေးလိပ်စွဲနေကြလောက်ပြီ ဟုကလေးဆန်ဆန်တွေးနေမိနေလေရဲ့။

သိပ်မကြာခင်မှာပဲ တည်းခိုရာနေရာပြန်ရောက်၍ ကားကိုခြံဝန်းအတွင်းထဲထည့်ပြီး ရပ်ထားလိုက်သည်။
ခြံဝန်းထဲတွင်လည်း ဘာမှမထူးမခြားနား ခြံဝန်းကိုစည်းထားသည့် ခြံစည်းရိုးမှာ တစ်ချို့ဆိုကျိုးပဲ့လို့နေသည်။ကားမီးအလင်းသာ ထိုခြံဝန်းထဲမှ အမှောင်ထုကိုမဖြိုခွဲခဲ့ဘူးဆိုလျှင် အခုချိန်ထိအရာရာမှောင်မိုက်နေဦးမည်ဖြစ်သည်။

Ice Prince (Uni+ZG)Where stories live. Discover now