Part-36

11.5K 912 113
                                    

(Zawgyi)

ထိန်ထိန်လင်း၍ ပူပြင်းနေသော နေရောင်ခြည်အောက်တွင် သတ္တဝါများအားလုံး ဝမ်းစာရေးဖူလုံရန်အတွက်ရော တခြားအရေးကိစ္စများ အတွက်ပါ လှုပ်ရှားသွားလာနေကြချိန် ဖြစ်သည်။

ထိုအချိန် လေများတိုးဝင်နေသော ပြတင်းပေါက်၏ ဘေးတွင် နေသက်ခတစ်ယောက်တည်း ဘဲဥပုံမျက်မှန်ကိုတပ်ကာ စာအုပ်တစ်အုပ်ကိုထိုင်ဖတ်နေသည်။အနောက်သို့ လှန်တင်ဖြီးထားသော ဆံပင်တစ်ချို့မှာ မျက်မှန်အရှေ့သို့ဝဲကျနေကြပြီး လေယူရာလွင့်ပါနေကြသည်။

အာရုံစူးစိုက်နေသော မျက်မှန်နောက်မှ မျက်လုံးအစုံတို့ကလည်း အရောင်ပြန်၍ တောက်ပနေကြသည်။ ထိုအချိန်တွင် ကိုသက်အလိုလိုပြုံးမိနေသော အချိန်ဖြစ်၏။

'ဒါကိုနေသက်ခ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ချစ်သူ'

ထိုအပြုံးသည် နားထဲတွင် အလိုလိုကြားယောင်လာမိသော အသံလေးအား အခြေပြု၍ ဖြစ်ပေါ်လာ၏။

"ဒါဘယ်လိုဖြစ်တာလဲ"

နှာတံပေါ်တင်ထားသော မျက်မှန်ကိုင်းကို သူ၏ သွယ်လျသော လက်ကလေးဖြင့် ပြန်ပင့်တင်ရင်း ရေရွတ်မိလိုက်သည်။လက်ထဲတွင် ကိုင်ထားသော စာအုပ်ကိုလည်း ပြနိပိတ်လိုက်လေသည်။စိတ်အနည်းငယ် ရှုပ်သွားသော်လည်း သက်ပျင်းတော့မချမိပေ။သက်ပျင်းချခြင်းက လူကိုစိတ်ဓာတ်ပို၍ကျစေသည်။
ကောင်းသည့်အရာမဟုတ်ဟု ခံယူထားသောကြောင့်ပင်။

ငယ်ငယ်လေးထဲက နည်းနည်းလေးမှမသိမတတ်သော နိုင်ငံခြားဘာသာစကားများထဲ ရုတ်တရက် သွားနေခဲ့ရသည်။
မိမိမသိမတတ်သော ပတ်ဝန်းကျင်တစ်ခုတွင် ဘာမှမသိသော လူတစ်ယောက်အဖြစ်ကြီးပြင်းခဲ့ရသည်။အလုပ်နှင့်လက်မလည်သော မိဘများက ပိုက်ဆံကိုပုံအောပေးပြီး အိမ်မှာပဲဆရာနှင့်စာသင်ရသည်။
မိမိကိုယ်ကို ထိန်းကျောင်းခဲ့ရသည်။သူငယ်ချင်း ဟူသည် မရှိခဲ့။သို့သော်သူကံကောင်းပါသည်။ ၁၂ သားအရွယ်ကပင် ပိုက်ဆံကိုအိတ်ထဲထည့်၍ ကြိုက်သလိုသုံးနေနိုင်ပြီ ဖြစ်သည်။

မိဘများက ထိုကဲ့သို့ သားသမီးများကို ထားနိုင်လျှင် ဝဋ်တရား ကျေပွန်ကြပြီဟု ထင်ကောင်းထင်နေကြလိမ့်မည်။သို့သော် သားသမီးများတကယ်လိုအပ်သည့် မိဘမေတ္တာကို ပေးသင့်သလောက် ပေးနိုင်ကြလိမ့်မည်မဟုတ်ပေ။

Ice Prince (Uni+ZG)Where stories live. Discover now