Part-42

9.3K 769 78
                                    

(Zawgyi)

သာယာလှပသောအဆင်းရှိသည့် တောက်ပေနေသောနေရောင်အောက်မှ အရောင်များစုံလင်လှပနေသော ပန်းခင်းကြီးထဲငေးကြည့်ရင်း ကျွန်တော် ခန့်မှူးပိုင် ပြုံးနေမိသည်။အရာအားလုံးတိတ်ဆိတ်ငြိမ်သက်နေကြပြီး ပတ်ဝန်းကြီးကလည်း အေးချမ်းလှသည်။တစ်ချက်ချက်တိုက်ခတ်လာသော လေပြေလေးများကလဲလူကို မအိပ်အိပ်ချင်လာအောင် ဆွဲဆောင်နေကြလေ၏။တဖြည်းဖြည်းချင်း ဟလာသောပါးစပ်ကို လက်ဖြင့်အသာအုပ်ရင်း အားရပါးရတစ်ချက်သမ်းမိလိုက်သည်။

ခရမ်းရောင်သမ်းနေသည့် Lavender ပန်းခင်းကြီးများ…
ရောင်စုံTulipပန်းခင်းကြီးများ…Orchidပန်းများစသော ပန်းပေါင်းစုံတို့မှာ လက်ညှိုးထိုးမလွဲ ပတ်ပတ်လည်တွင် ပတ်ဝန်းကျင်ကို သဘာဝဆေးခြယ်မှုန်းပေးနေကြသည်။
ထိုပန်းခင်းများမှ မွှေးပြန့်လှသော ပန်းပေါင်းစုံရနံ့တို့မှာလည်း မြင်သူတကာအတွက် ဆွဲဆောင်မှု့အားကောင်းလှပေသည်။

"ဟျောင့်……မိန်းမ"

ပန်းခင်းထဲဘယ်အချိန်ကပင် ပြေးဆင်းသွားလိုက်မှန်းမသိသောရှင်းသန့်…လက်နှစ်ဖက်ကိုဝှေ့ယမ်းကာ ကိုခန့်အားလှမ်းအော်ခေါ်နေလေပြီ။

ထိုကဲ့သို့ခေါ်တော့ ကိုခန့်တစ်ယောက် ရေးရေးလေးတစ်ချက်ပြုံးမိလိုက်သည်။ခေါ်သံလေးက နားထဲထူးဆန်းသလိုလို တစ်မျိုးမျိုးဖြစ်သွားသည်မှာတော့ အမှန်ပင်။
သို့သော် ကိုခန့်ခေါ်ရာဘက်သို့တော့လှည့်မကြည့်မိ။

"မိန်းမရေ…ဟျောင့် မိန်းမခေါ်နေတယ်လေ"

ကိုခန့်တစ်ချက်လှည့်ပြီး ရှင်းသန့်အား မျက်မှောင်ကျုံ့ပြလိုက်ရင်း…'မင်းသေချင်နေတာလား'ဟုမျက်လုံးထဲမှအထာပေးစကား ပြောလိုက်လေသည်။

ချက်ချင်းနားလည်သွားသော ရှင်းသန့်တစ်ယောက်ကတော့ ပန်းခင်းထဲမှပြုံးပြရင်း ကိုခန့်ဆီသို့ချက်ချင်းပြေးထွက်လာလေသည်။

ထိုအချိန်တွင်ပင်…

'ဒုတ်…'

"Itai!…"(In Japanese=နာလိုက်တာလို့ပြောခြင်းဖြစ်သည်။)

သူ့နည်းတူ ပြေးထွက်လာသော လူတစ်ယာက်တိုက်မိ၍ နှစ်ယောက်လုံး မြေပြင်ပေါ်သို့ ကိုယ်စီလွင့်စင်ထွက်သွားကြလေသည်။

Ice Prince (Uni+ZG)Tempat cerita menjadi hidup. Temukan sekarang