Part-20

15.3K 1.3K 141
                                    

(Zawgyi)

ကိုသက် လမ်းထိပ်နား၌တစ်ဆိုင်ထဲရှိသော မကြီးမသေး Cafeလေးဆီသို့ထွက်လာခဲ့လေသည်။ထိုဆိုင်မှကိတ်မုန့်နှင့်ကော်ဖီကို သူအကြိုက်ဆုံးဖြစ်သည်။

"ဟင်……လူပြည့်နေပါလား"

အခင်းအကျင်းလေးလှပကောင်းမွန်သည့်အပြင် အစားအသောက်များကလည်းအရသာရှိလှသော ထိုဆိုင်လေးမှာဒီအချိန်လူပြည့်နေသည်မှာတော့မဆန်းပေ။
ကိုသက်ဆိုင်ထဲဝင်ကာလှည့်ပတ်ကြည့်လိုက်ပြီး လူကြီးပိုင်းများထိုင်နေသည့် ခုံများတွင်အားနာသဖြင့်ဝင်မထိုင်တော့ပဲ အနီးအနားမှလူငယ်ကောင်လေးတစ်ယောက်ထိုင်နေသော ခုံလေးကိုကိုင်လိုက်ပြီး…

"ညီလေး…အကိုဒီမှာထိုင်လို့ရမလား"

ရှပ်အင်္ကျီပွပွလေးကိုအင်္ကျီလက်ထိပ်လေးခေါက်တင်ထားပြီး အထဲတွင်တီရှပ်အဖြူလေးနှင့် ဂျင်းဘောင်းဘီအမဲလေးကိုဝတ်ဆင်ထားသည့် ကောင်လေးတစ်ယောက်။လက်ထဲတွင်ကိုင်ထားသောI Phone လေးကိုချ၍အဖြူရောင်နားကျပ်တစ်ဖက်ကိုဖြုတ်ပြီး ကိုသက်ကိုကြည့်လိုက်လေသည်။

"ဘာကိစ္စရှိလို့လဲမသိဘူး"

ဖြေးဖြေးချင်းမော့လာသောမျက်နှာလေးကို ကိုသက်အသေအချာကြည့်လိုက်သည်။
ဆံပင်အနက်လေးများမဖုံးတဖုံးအုပ်ထားသောနှဖူးလေးနှင့် ဖောင်းနေသောပါးလေးနှစ်ဖက်…သွယ်လျသောမျက်နှာလေးကိုပိုင်ဆိုင်ထားသည်။လုံးဝန်းကာမဲနက်နေသောမျက်လုံးလေးများနှင့် ယောင်္ကျားလေးဟုပင်မထင်ရအောင် ချစ်စရာကောင်းလွန်းလှပေသည်။
ရဲကာဖူးနေသောနှုတ်ခမ်းပါးလေးများကလည်း စတော်ဘယ်ရီသီးလေးများအလားပင်။
မျက်ခုံးမွှေးနက်နက်ကလေးများက ဇင်ယော်တောင်ပံလေးများသဖွယ် လုံးဝန်းသောမျက်လုံးလေးကိုလည်း ကော့စင်းနေသောမျက်တောင်ရှည်ရှည်လေးများက အလှဆင်ထားကြသေးသည်။I phone ကိုင်ထားသောကောင်လေး ကတော့ သာမန်အသိုင်းအဝိုင်းထဲကတော့ဖြစ်နိုင်မည်မဟုတ်။

"ဟိုလေ…အကိုဒီမှာထိုင်လို့အဆင်ပြေမလား"

"အင်းရတယ်…ထိုင်လေ…ကျနော့်အပိုင်မှမဟုတ်တာ"

Ice Prince (Uni+ZG)Where stories live. Discover now