Part-14

16.6K 1.4K 132
                                    

(Zawgyi)

ခန့်မှူးပိုင်တစ်ယောက် အခန်းထဲတွင်ထဲထိုင်လျက် ထုံးစံအတိုင်း စာအုပ်များကို ဟိုလှန်ဒီလှန်ဖတ်နေလေသည်။
နေရောင်ပူပြင်းနေပုံမှာ အိမ်ထဲတွင်ထိုင်နေပါသော်လည်း အပူဒဏ်ကိုမခံနိုင်သောကြောင့် ပါးလွှာသောရှပ်အင်္ကျိ အဝါနုရောင်လက်တိုလေးနှင့် အဖြူရောင်ဘောင်းဘီတို လေးကိုဝတ်ထားရသည်။

'ရှင်းသန့်...စာအုပ်ထဲမှာတောင်မင်းမျက်နှာက...
ဘာလို့ပေါ်ပေါ်လာရတာလဲ'

ကိုခန့်တစ်ယောက် စာအုပ်နှင့်မျက်နှာချင်းဆိုင်ထားသော်လည်း စိတ်ကရှင်းသန့်နိုင်ဆီသို့သာ ရောက်လို့နေ၏။

"ဟေ့ ပိုင်လေး"

မျက်လုံးပျော်နေအောင်ပြုံးရင်း ပြတင်းပေါက်မှန် လာခေါက်သော ရှင်းသန့်ကိုမြင်လိုက်ရရင်ပဲ ကိုခန့်မျက်နှာပေါ်မှာအပြုံးတစ်ပွင့်က ဖူးငုံမိလေသည်။
ဆိုလိုသည်မှာ သိသိသာသူ ပြုံးပြလိုက်ချင်းမဟုတ်ပဲ ကိုယ့်ကိုကိုယ်သိရုံလောက်သာပြုံးခြင်းပင်။

"မင်းငါ့အကြောင်းစဉ်းစားနေတာလား"

"အားအားယားယား...ငါစာဖတ်နေတာမတွေ့ဘူးလား"

"တွေ့တယ်လေ"

ရှင်းသန့် ကုတင်ပေါ်တွင်ထိုင်၍ တောက်ပသောမျက်လုံးများနှင့် ကိုခန့်မျက်နှာအား ကြည့်လိုက်သည်။
ကိုခန့်မှာ သူ့ကိုဂရုမစိုက်ပဲစာအုပ်ကိုသာကြည့်နေသည်။

"ပိုင်လေး မင်းမျက်နှာကြီးရဲနေတယ် အိမ်သာတက်ချင်လို့လား..."

"ပေါက်ကရ...အိမ်သာတက်ချင်ရင်မျက်နှာရဲလား"

"ဟာ ဒါဆိုမင်းရှက်နေတာလား"

"ရှက်စရာလား"

"ငါကြည့်တာကိုရှက်နေတာလား...
မရှက်နဲ့ပိုင်လေး... ငါမင်းကိုလွမ်းလွန်းလို့ အားရပါးရ ကြည့်မယ်ဆိုပြီး ဒီကိုလာတာ..."

"သေလိုက်လေလွမ်းရင်..."

"ငါလွမ်းတယ် အဲ့ဒါကြောင့်ငါပဲကြည့်မယ် မင်းပြန်မကြည့်လဲရတယ်"

စကားတတ်လွန်းသော ငနဲသားက သူ့စကားပေါက်ကို ပိတ်လိုက်သောကြောင့် ကိုခန့် စကားဆက်မပြောပဲ စာအုပ်ကို ကြည့်နေလိုက်သည်။ရှင်းသန့်ပြောသည်မှာ မှန်သည်။ဘာ့ကြောင့်မှန်းမသိ ကိုခန့် ရှက်နေမိ၏။အမှန်တိုင်းပြောရမည်ဆိုလျှင် အကြည့်ခံရသောကြောင့် ရှက်မိခြင်းမှာ ဒါဟာ ပထမဆုံးဖြစ်သည်။ရှက်ရှက်ဖြင့် စာအုပ်ကိုဆွဲလှန်မိလိုက်ပြီး နုပါးလှသောလက်ဖဝါးလေး ရှမိသွားလေသည်။

Ice Prince (Uni+ZG)Where stories live. Discover now