Part-10

18.8K 1.5K 157
                                    

(Zawgyi)

ကိုခန့် နှုတ်ခမ်းပါလေးမှ နူးညံ့သောထိတွေ့မှု့နှင့်အတူ
ထူးဆန်းသောခံစားချက်ကြောင့် မင်သက်လျက် ရှင်းသန့်၏ ရင်ခွင်ထဲ၌ငြိမ်နေမိသည်။အင်အားများစုပ်ယူထားခြင်းခံလိုက်ရသလို သူ့ရဲ့ရင်ခွင်လေးထဲ ခဏတာ မှေးစက်အနားယူနေမိသည်။
နှုတ်ခမ်းသားတွင် ခံစားနေရသော နူးညံ့သည့်ခံစားချက်ကို ရှင်းသန့်နှစ်သက်နေမိရင်း လေပြောင်းလွှဲပေးခြင်းမှတဆင့် တဖြည်းဖြည်း အနမ်းဆီသို့ဦးတည်လာလေ၏။

နူးညံ့ပြီးနေသောနှုတ်ခမ်းပါးကို သူ့နှုတ်ခမ်းဖြင့် ခပ်ပျင်းပျင်း အုပ်ယူသိမ်းပိုက်လိုက်သည်။ထူးဆန်းသည့် ခံစားချက်ဆိုသော်လည်း ထိုအရာတွင် သူရစ်မူးနေမိသည်။ရင်ခုန်သံများကလည်း မြန်ဆန်နေသည်။ခဏအကြာမှ အနည်းငယ်သက်သာသွားဟန်ရှိသော ကိုခန့်အား ပင့်ချီ၍ ဈေးတန်းအပြင်သို့ မြန်မြန်ထွက်ခွာလာခဲ့လေသည်။

မုန့်ဈေးတန်း တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေကြပြီး ကျောင်းသားကျောင်းသူများနှင့် ဈေးသည်များ၏အကြည့်မှာ သူတို့နှစ်ဦးထံ အပြိုင်ကျရောက်လျက်ဖြစ်နေသည်။
ရှင်းသန့် အဝကထွက်လာတာနဲ့ သူ့ရဲ့အကြည့်တွေက သူ့ရဲ့မျက်နှာပေါ်ရောက်နေတာကို ကိုခန့်သတိထားမိလိုက်တယ်။စိုးရိမ်မှု့ဆိုတာ သူ့မျက်နှာမှာ ပုံနှိပ်ထားသလိုဖြစ်နေသည်။

နူးညံ့သောအနမ်း…နှလုံးသားလေးနိုးထလာခဲ့သည့်အခိုက်အတန့်…။
ထိုအခိုက်အတန့်လေးကို ရှင်းသန့် မေ့နိုင်တော့မည်မဟုတ်။
နှလုံးအိမ်လေးထဲ သော့ခတ်ထားစေလိုက်ပြီဖြစ်သည်။

"ပိုင်လေး…"

သူ့နာမည်ခေါ်လိုက်သည်ကို ကြားလိုက်သော်လည်း ပြန်အဖြေမပေးနိုင်ခဲ့ပေ။မျက်လုံးထဲ ရှင်းသန့်၏ ပုံရိပ်မှာ တဖြေးဖြေး ဝေဝါးပျောက်ကွယ်သွားခဲ့ပြီး သူ့အသံမှာလည်း နားထဲ ပဲ့တင်သံသာကျန်ရစ်ခဲ့တော့လေသည်။

"ကြည့်စမ်း ငါတို့အခန်းထဲက လူမိုက်ကြီးက Gay ကွ ဟားဟား…"

လူအုပ်ကြားထဲမှ ကောင်လေးတစ်ယောက်ရဲ့ လှောင်ပြောင်သံက ရှင်းသန့်ရဲ့ ဒေါသစိတ်ကို ထိုးဆွပေးလိုက်သလိုဖြစ်သွားလေသည်။
ချက်ချင်း အကြင်နာအရိပ်အယောင်များ ပျောက်ကွယ်သွားခဲ့ပြီး မီးတောက်နေသလိုမျက်လုံးနဲ့ လှည့်ကြည့်လာလေတယ်။

Ice Prince (Uni+ZG)Where stories live. Discover now