Part-38

10.3K 878 123
                                    

(Zawgyi)

ဒီနေ့ခရီးသွားရမည့်နေ့ဖြစ်သဖြင့်အင်ကြင်းတို့အိမ်ရှေ့တွင်
ရှင်းသန့်နဲ့ကျွန်တော်အပါအဝင်ကိုသက်နှင့်သန့်စင်ရော ကိုသက်၏Surfကားကြီးပေါ်တွင် ကိုယ့်နေရာကိုယ်ယူထားကြလျက်
အတင်းလိုက်မည် ပါးစပ်မှတတွတ်တွတ်ဂျီကျလွန်းသဖြင့် ခေါ်ခဲ့ရသောမိအင်ကြင်းမှာလည်း ကားထဲရှိလူများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ပေသည်။

ကိုသက်နှင့်သန့်စင်တို့ကတော့ အရှေ့ခန်းတွင်ထိုင်နေကြပြီး ရှင်းသန့်နှင့်ကျနော်ကတော့အနောက်ခန်းထဲတွင်အင်ကြင်းနှင့်အတူဖြစ်သည်။

ညအချိန်အေးလေးများက တဖြူးဖြူးတိုက်ခတ်နေကြပြီး…
ကားပြတင်းပေါက်မပွင့်တပွင့်လေးမှတိုးဝင်လာကာ မျက်နှာသို့လာလာရိုက်ခတ်နေကြကာအေးကနဲ
ခံစားချက်ကိုခံစားရစေသည်။

ကားအရှေ့ခန်းမှ အနောက်ကြည့်မှန်လေးတွင်ချိန်ထားသော
Dream Catcher လေးကလည်းအရှေ့သို့နောက်သို့ယိမ်းခါနေလေသည်။
ထိုအရာများကကားစထွက်လေပြီဟုသတိပေးနေကြသည့်အလားပင်။

"ရှင်းသန့်…နင့်ကလေးကိုဖက်ထားလေ"

အင်ကြင်း ပြောရင်းဆိုရင်း ရှင်းသန့်ဘက်လှည့်ကြည့်လိုက်တော့ ဒင်းကလေးကဖက်ထားရုံတင်မက လက်ကပါအင်္ကျိ ရင်ဘတ်ထဲရောက်နေလေပြီ။ကိုခန့်ကတော့ပြောမရလို့လွှတ်ထားလေလားမသိ။

"ငါဖက်ထားတယ်လေ…ကားပေါ်ရောက်ထဲက"

လက်ဖြင့်ရှပ်အင်္ကျိထဲသို့ဟိုထိုးဒီထိုး ဟိုကလိဒီကလိဖြင့် ဖက်ထားရုံပါမကလိုက်ကလိနေသော ရှင်းသန့်လက်အားအင်ကြင်းမျက်စောင်းထိုးလိုက်ကာ…

'ကြည့်အုံး…ကလိနေလိုက်တာများ…ငါတောင်အူတွေယားတယ်အဟိ…သောက်Semeတွေကလေးတွေကိုဆိုကလိဖို့ပဲချောင်းနေကြတယ်'

"ရှင်းသန့်…နင့်ကိုဖက်ပဲဖက်ထားခိုင်းတာ"

"ငါဘာလို့နင့်စကားနားထောင်ရမှာလဲ။ပိုင်လေးကငါ့အပိုင်ငါလုပ်ချင်တာလုပ်မယ်…"

"အမလေးဟယ်…ဖြစ်နေလိုက်တာ…"

အင်ကြင်းတစ်ဖက်လှည့်နေသောကိုခန့်အား လှမ်းကြည့်လိုက်ပြီးစကားလှမ်းပြောခါနီးမှ ရုတ်တရက်မြင်ကွင်းကြောင့် အင်ကြင်းစကားလုံးများပင် ပြောမထွက်နိုင်ဖြစ်သွားရသည်။

Ice Prince (Uni+ZG)Where stories live. Discover now