Part-1

7.6K 165 54
                                    

စိုထိုင်းထိုင်းဖြစ်နေသော မိုးရာသီတွင် မိုးတိတ်ခါစမို့ ဗန်ဒါပင်ပေါ်မှ ဗန်ဒါရွက်များပေါ်ရှိ မိုးစက် မှုန်မွှားများသည် လေတချက်တိုက်တိုင်း ဖွားခနဲ ဖွားခနဲ မြေပေါ် သက်ဆင်းလာသည်။
ထိုဗန်ဒါပင်ရှိသည့် ဆိတ်ငြိမ်ရပ်ကွက်ထဲမှ သုံးထပ်တိုက်အိမ်ကြီးသည်လဲ ထည်ထည် ဝါဝါရှိလှသည်။

ဆောက်ထားတာ သိပ်မကြာသည်မို့ ဆေးရောင်
ဖြူဖြူ မှာ တောက်ပနေသေးသည်။

ထိုအိမ်ကြီးရှေ့တွင် နှင်းဆီပန်း ခင်းကြီးလဲ ရှိသည်။ ရေလောင်းထားခါစမို့ လန်းဆန်းတက်ကြွနေဟန်ရှိသော နှင်းဆီပန်းများသည်လည်း ထိုအိမ်ကြီးနှင့် ပနံတင့်လှသည်။

"သားထူးရေ သားထူး ကျောင်းသွားရမယ် ထထ"

"မား ခဏ ငါးမိနစ်ဘဲ"

မနက်မိုးလင်းသည့်နှင့် ဆိတ်ငြိမ်ရပ်ကွက်အတွင်း မဆိတ်ငြိမ်ဘဲ ဆူညံစွာ ကြားရသော အသံမှာ ထိုအသံပင် ဖြစ်သည်။ထိုအသံကြားလျှင်တော့ သေချာသည် ဒေါ်နွယ်နီ ပိုင်ထူးခြားတယောက်ကို
ကျောင်းသွားဖို့ နှိုးနေခြင်းဖြစ်သည်။

"ထပါတော့ သားထူးရယ် ကျောင်းနောက်ကျရင် မားမား ရိုက်မှာနော် "

မနက်တိုင်း ကျောင်းသွားဖို့နှိုးလျှင် ငါးမိနစ် လို့ ပြောပြီး ပြန်အိပ်တတ်တာ ပိုင်ထူးခြားရဲ့အကျင့်ပင်။
ကျောင်းမရှိတဲ့ရက်ဆိုရင်တော့ တအိမ်လုံးထက်အစောဆုံး နိုးပြီး မိုးလင်းတည်းက အပြင် ထွက်ဆော့သည်။

"အင်း ထပြီ ထပြီ "

"မြန်မြန်ထ ရေချိုးပြီး အောက်ဆင်းလာ "

မျက်စိမဖွင့်ရသေးဘဲ ထထိုင်ပြီး လက်နှဖက်ဆန့်တန်းကာ ဘယ်ညာယိမ်းပြီး

"ဟုတ် မား မောနင်း "

ဒေါ်နွယ်နီရဲ့ ရိုက်မယ်ဆိုတဲ့စကားကြားမှ ထတာလဲ သူ့အကျင့်။
ထူးခြား အိပ်ယာသိမ်းရေချိုးပြီး အောက်ထပ် ဆင်းလာသည်နှင့် ဒေါ်နွယ်နီရဲ့လက်ရာ မုန့်ဟင်းခါးနံရပြီး စားချင်လာ၍ လှေကားကို သုံးဆင့်ကျော်ဆင်းပြီး ဝုန်းခနဲ ခုန်ချလိုက်သည်။

"ဟဲ့ သားထူး အော် ဘယ်လိုဖြစ်လာတာလဲ ဒီကလေးတယောက်နဲ့တော့ ပြုတ်ကျတော့မှာဘဲ ဖြေးဖြေးလာပါ သားရယ် မုန့်ဟင်းခါးက ထွက်မပြေးပါဖူး"

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن