လွန်ခဲ့သော ၂၅နှစ်ခန့် က
ကျောင်းကြီး ဖွင့်ခါစမို့ ကျောင်းတက္ကသိုလ်ဝင်ကြီးထဲ လူများစုံလင်စွာဖြင့် ဆူညံလျက်ရှိသည် ။
ထိုအချိန် ကျောင်းကန်တင်းရဲ့ တနေရာမှာတော့"မင်းတို့ အတွဲကလေ တော်တော် ယုတ်မာတာ "
ရဲသီဟရဲ့ မထင်မှတ်တဲ့ အပြစ်တင်သံကြောင့် နွယ်နီနဲ့ ကျော်ထင် ဘာပြောရမှန်းမသိ ။
"ငါ့ကို အ့လိုထားပစ်ခဲ့စရာလား"
"အော် ငယ်လေးရယ် ငါက ဘာများလဲလို့ အ့ဒါက နွယ်က ဒီနေ့ ဘုရားသွားချင်တယ်ဆိုလို့ ငါလိုက်ပို့တာ အ့ဒါ မင်းကိုဝင်ခေါ်ဖို့ အဆင်မပြေလို့ပါကွာ"
"ဒါဆိုလဲ မနေ့ထဲက ကြိုပြောပါလား"
"သီဟ နင် ဘာမှ မောင်ကို အပစ်ပြောမနေနဲ့ အ့ဒါ ငါပြောဖို့ မေ့သွားတာ တခါတလေ နင်ဘာနင် လာပါလား အလိုက်ကန်းဆိုးမသိ အတွဲကြားထဲ ကန့်လန့်ကန့်လန့်နဲ့"
နွယ်နီ စကားကြောင့် ရဲသီဟ အရှေ့သို့ ဝဲကျနေသော ဆံပင်များကို လေဖြင့် မှုတ်ထုတ်၍ ဘာမှ ဆက်မပြောဘဲ အအေး ပိုက်ကို အအေးပုလင်းထဲကနေ ထုတ်လိုက် ထည့်လိုက် လုပ်နေသည် ။
ရဲသီဟ စိတ်ဆိုးစိတ်ကောက်တိုင်း လုပ်နေကြမို့ ကျော်ထင် ချက်ချင်း တန်း သိသည် ။"ငယ်လေး"
ကျော်ထင် အရှေ့က ရဲသီဟရဲ့ လက်ကိုဆုပ်ကိုင်၍ ခေါ်လိုက်သည် ။
ရဲသီဟက အဖတ်မလုပ်သည့်ပုံနဲ့ ကျော်ထင် ကိုင်ထားတဲ့ လက်ကို ရုန်းဖယ် လိုက်သည် ။"ငယ်လေး ကိုယ် ပြောတာ ခဏ နားထောင်ဦးလေ"
"မောင် ဘာမှရှင်းပြမနေနဲ့ အချိန်တန်သူဘာသူ စကားလာပြောလိမ့်မယ် သူက မောင့်ဆို နိုင်လို့ရမှန်း သိလို့ အနိုင်ယူနေတာ "
"နွယ် အ့လိုမပြောနဲ့လေ ငယ်လေးက နွယ် သူငယ်ချင်းဘဲ မလား"
"သူငယ်ချင်းက သူငယ်ချင်း ချစ်သူက ချစ်သူဘဲ နွယ် တစ်တန်းထဲမထားနိုင်ဖူး သူကိုက လွန်တယ် အားနေ သူ့ချည်းစိတ်ကောက်နေတာ နွယ်က မောင့်ချစ်သူလား သူက မောင့်ချစ်သူလား တောင် မသဲကွဲတော့ဖူး"
أنت تقرأ
မပြိုင်သော မျဉ်းပြိုင် (Completely)
Romanceရဲလင်းထိုက် ငါလဲ ယောက်ျား မင်းလဲယောက်ျား ဒီအမှန်တရားကို ငါသိနေသေးတယ်ဆို ငါမင်းကိုချစ်တာ ရူးလို့မဟုတ်မှန်း သိပ်သေချာတယ် ပိုင်ထူးခြား မိန်းမဖြစ်ချင်တာနဲ့ ယောက်ျားတယောက်ကို ချစ်မိတာတူလား? မတူဘူးဆို ငါသူ့ ကိုချစ်တာ အခြောက်ဖြစ်ချင်လို့...