Part-11

1K 103 6
                                    

ထူးခြား မားမား အိပ်ယာဘေးမှာ ထိုင်စောင့်နေတာ အချိန်တော်တော်ကြာကြာပြီး မားမား အခုထိ သတိမလည်လာသေး ။

"သားထူး နားရင်နားလိုက်ပါလား ပါးပါး စောင့်ပေးမယ်"

"ရတယ် သားဘဲ စောင့်မယ် "

"ပါးပါး"

"ပြောလေ သား"

"ပါးပါး သားတို့သားအမိကို ဘာဖြစ်စေချင်တာလဲ နားမလည်ပေမဲ့ မားမားကို ပင်ပန်းအောင် ထပ်မလုပ်ပါနဲ့လို့ သားပြောချင်တယ် မားမားကို ပါးပါးမသနားပေမဲ့ သားသနားတယ် ပါးပါးမချစ်ပေမဲ့ သားချစ်တယ် "

"သား အထင်လွဲနေပြီ ပါးပါးက အ့လိုလူမဟုတ်ပါဖူး သားရယ် သားတနေ့တော့ ပါးပါးကို နားလည်မှာပါ"

"နားမလည်နိုင်ဖူး ပါးပါး ဘယ်တော့မှလဲ နားလည်ဖို့ကြိုးစားမှာ မဟုတ်ဖူး ကိုယ့်မိန်းမနဲ့ကိုယ့်သားကိုပစ်ပြီး နောက်မိန်းမနဲ့နောက်မိန်းမရဲ့သားကို ကြင်နာပြနေတဲ့ ပါးပါးကို သား ဘယ်တော့မှ နားမလည်ဖူး"

"နောက်ပြီး သား တခု ထပ်ပြောမယ် ပါးပါး အ့မိန်းမနဲ့ သူ့သားကို အိမ်ခေါ်လာတာနဲ့ မားမားက သားကို အမေရိက ခေါ်သွားမှာ မားမားက ဆုံးဖြတ်ချက်ကို လွယ်လွယ်ပြင်မဲ့ မိန်းမမျိုး မဟုတ်မှန်း သားသိတယ် အ့တော့ မားမားဆန္ဒအတိုင်း သား မားမားနဲ့  အမေရိက လိုက်သွားမယ်.... "

"သား မသွားပါနဲ့...ပါးပါး"

"ပါးပါး သား စကားမဆုံးသေးဖူး မားမားနဲ့ အမေရိက ကို လိုက်သွားမှာ မှန်တယ် ဒါပေမဲ့ မလိုက်သွားခင် ဒီအိမ် ဒီခြံနဲ့ ပါးပါးရဲ့ ပိုင်ဆိုင်မှု အကုန်ကို သား ၁၈နှစ်ပြည့်တာနဲ့ သားနာမည်နဲ့ လွှဲပေးမယ်ဆိုတဲ့ စာချုပ် ကို ပြင်ပြီး စာချုပ်မှာ ပါးပါး လက်မှတ်ထိုးပေးပါ "

"သားထူး"

"မားမား ဖြစ်ချင်သလို သား အမေရိကကို သွားမယ် ဒါပေမဲ့ သား ၁၈နှစ်ပြည့်တာနဲ့ မြန်မာပြည်ကို သား ရအောင် ပြန်လာမယ် "

"သားထူး ပါးပါး တခြားလူရဲ့ သားကိုမွေးစားတာမှန်ပေမဲ့ ပါးပါး သားကိုဘဲ ချစ်တာပါ ပါးပါးပိုင်ဆိုင်မှုအကုန်ကလဲ သားအတွက်ပါဘဲ အ့အတွက် စာချုပ်တွေ ဘာတွေ မလိုပါဖူး သားထူးရယ် "

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن