Part-35

851 79 7
                                    

စကားပင် မဆုံးလိုက် ဆွဲယူလိုက်သည့် ခန္တာကိုယ်က ရင်ခွင်ထဲရောက်သွားသည်နှင့်တပြိုက်နက် လူက အင့်ခနဲ့ဖြစ်သွားရသည်။

"ချစ်လို့ ငါမင်းကိုချစ်လို့ "

တိုးတိုးလေးမှ တကယ့်ကိုတိုးတိုးလေးသာ။ ကြားရုံလောက်လေးအသံနှင့် ဖြေးဖြေးချင်ပြောနေသည်ကြောင့် စနေတာလားလို့ ထင်ရက်စရာမရှိ။

"သူငယ်ချင်းလိုချစ်တယ်ဆိုတာထက်ပိုတယ် ချစ်သူတယောက်လို ဘဝလက်တွဲဖော်တယောက်လို ချစ်တယ်"

ဖက်ထားရာကနေခွာပြီး ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို ထိန်းကိုင်ရင်း ပြောမိတော့ လူကိုတအံတသြကြည့်နေပြန်သည်။ အံ့သြတဲ့အချိန်တိုင်းပြောင်းလဲတတ်တဲ့မျက်လုံးအရောင်တွေက အစချစ်တယ် ။ ဘယ်လိုလုပ်မလဲ ငါမင်းကိုသိပ်ချစ်မိလို့ ရူးသွားရင်...။

"ငါ...."

"မပြောနဲ့ ရတယ် ငါကမင်းသိစေချင်ရုံပြောပြတာလေ မင်းဘယ်သူ့ကိုချစ်လဲ ငါသိတာပေါ့ ဒါကြောင့် ငါ့ကိုအားနာစရာမလိုဖူး "

အရှေ့ကို ခပ်ဝဲဝဲကျနေတဲ့ ဆံပင်တွေကို သပ်တင်ရင်းပြောမိသည်။

"ဒါကြောင့် မင်းဘာဖြစ်ဖြစ် ငါ့ကိုပြောပါ မင်းခံစားရရင်ငါလဲရူးနေအောင်ခံစားရလို့"

"အင်းပါ"

အခုချိန်မှာ ကိုယ်ပြန်မချစ်ပေးနိုင်လို့ နှစ်သိမ့်ပေးရမယ်မှန်းသိပေမဲ့ ကိုယ့်နှစ်သိမ့်မှုက သူ့အတွက်မျှော်လင့်ချက်ဖြစ်မှာ စိုးတယ် ။ ဒါကြောင့် လျစ်လျူရှုပါရစေ....။

.........................................

"ထမင်းလေးတော့ ဝင်အောင်စားပါ ထူးထူးရယ် မင်းအရမ်းပိန်နေပြီ"

အရင်က အရမ်းမဝပေမဲ့လဲ အရမ်းမပိန်နေဘဲ ပြည့်ပြည့်ဖြိုးဖြိုးရှိနေတဲ့ကောင်လေးက ခုတော့ အရမ်းပိန်သွားသည်။ပါးဖောင်းဖောင်းလေးတွေကြောင့်သာ ပိန်တာမသိရပေမဲ့ အမှန်က တကယ်ကိုပိန်သွားသည်။

"စားလို့မှမဝင်တာဟာ သူငါ့ကိုအရမ်းပစ်ထားလွန်နေပြီ ဟိုနေ့ကတွေ့ပြီးတည်းက ဖုန်းတစ်ချက်မဆက်ဖူး အရင်နေ့တွေကလဲ အဲ့လိုဘဲ လာတွေ့ဖို့နေနေသာသာ ဖုန်းကိုမဆက်တာ ငါက...ငါက သူ့အတွက်ဘာလဲ အရမ်းစိတ်ရှုပ်ရလွန်းလို့ ငါရပ်တန့်လိုက်ချင်ပြီ ဒါပေမဲ့ ငါမလုပ်နိုင်ဖူး... ငါသူ့ကိုချစ်တဲ့အချစ်တွေကို မရပ်တန့်နိုင်ဖူး ငါဘယ်လိုလုပ်ရမလဲ ဟမ် ဘယ်လိုလုပ်သင့်လဲ"

မပြိုင်သော မျဉ်းပြိုင် (Completely) حيث تعيش القصص. اكتشف الآن